အဖမ်းခံခဲ့ရပါက ပြန်လည်လွှတ်ပေးရန် မတောင်းဆိုဖို့ ဖခင်ဖြစ်သူကိုယ်တိုင်မှာကြားခဲ့တဲ့ အကြောင်းကို ပြောပြခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/10/107310b14e1994cf643d16ea521be5ed71ec86ef.jpeg
အနုပညာရှင်များ

 ၂၂-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဇင်ဝိုင်းနဲ့ မင်းမော်ကွန်းတို့ သားအဖနှစ်ယောက်ကတော့  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ  တစ်သွေးတည်း  တစ်သားတည်း ရပ်တည်ခဲ့ကြသူတွေ  ဖြစ်ပါတယ်။  ပြည်သူချစ်တဲ့ အနုပညာရှင်တွေ   မှန်ကန်တဲ့ ဘက်ကနေ အခုလို မားမားမတ်မတ်ရပ်တည်ပေးခဲ့တာကြောင့်  ပရိသတ်တွေအားလုံးက  ဝမ်းသာ ဂုဏ်ယူနေကြတာပါ။  

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

ဒီလိုလှုပ်ရှားမှုတွေ ပါဝင်ခဲ့တာကြောင့်   မင်းမော်ကွန်းကတော့  ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရပြီး ဦးဇင်ဝိုင်းကိုတော့  ပုဒ်မအတပ်မခံရခင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ လတ်တလောမှာတော့  ဦးဇင်ဝိုင်း ပြန်လည်လွတ်မြောက်လာပြီဆိုပြီး  ကောလဟာလသတင်းတွေ ထွက်ရှိနေတာ  ဖြစ်ပါတယ်။  ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး  မနေ့ညက  မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အခုလိုပဲ  ပြန်လည်ဖြေရှင်းလာတာ  ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

" ကျွန်တော့်ပါးစပ်ကနေတောင်မှ

ကျွန်တော့်အဖေကိုလွှတ်ပေးဖို့

တစ်ခွန်းမှမတောင်းဆိုမိပါဘူး

အဖေကလည်း ဒီအတိုင်းပဲမှာခဲ့ပါတယ်

ခုထက်ထိအဆက်အသွယ်မရပါဘူး

ဆုတောင်းရုံကလွဲလို့

ဘာမှမတတ်နိုင်ပါဘူး

ရပ်တည်မှုမှန်ကန်ဖို့

ကိုယ့်မျက်နှာကိုယ်

မှန်ထဲပြန်ကြည့်မိရင်

ရှက်မနေရဖို့ 

ကိုယ့်ကြောင့်သားသမီးတွေ

လူရာမဝင်ဖြစ်မနေရဖို့

အဖေရပ်တည်ခဲ့သလို

ကျွန်တော်လည်းရပ်တည်ပါတယ်

ဒီလောက်ပါပဲ " ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T