သားလေးရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုရှိဖို့အတွက် နေ့ညမပြတ်ဆုတောင်းရင်း အရမ်းစိတ်ပူနေရတဲ့ ကိုဝေမိုးနိုင်ရဲ့မိခင်

//s9.kh1.co/eb/ebbb8e372bb0cb8dafabb027e7563f3cbf9f2abd.jpeg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သားလေးရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုရှိဖို့အတွက် နေ့ညမပြတ်ဆုတောင်းရင်း အရမ်းစိတ်ပူနေရတဲ့ ကိုဝေမိုးနိုင်ရဲ့မိခင်

မုံရွာမြို့ရဲ့သူရဲကောင်းကိုဝေမိုးနိုင်ကတော့ ဖမ်းဆီးမခံရခင်အချိန်ထိ လူထုလှုပ်ရှားမှုတွေမှာ နေ့စဉ်မပြတ်ပါဝင်လှုပ်ရှားရင်း အားကြိုးမာန်တက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။သူရဲကောင်းကိုဝေမိုးနိုင်က မုံရွာမြို့မှာဆိုရင်အသက်အန္တရာယ်ကိုဘေးချိတ်ပြီး ရှေ့ဆုံးကနေပါဝင်တာကြောင့် ပြည်သူလူထုကလည်း သူ့ကိုအရမ်းလေးစားနေကြတာဖြစ်ပါတယ်။ဧပြီလ(၁၅)ရက်နေ့မှာတော့ ကိုဝေမိုးနိုင်က လူထုလှုပ်ရှားမှုမှာပါဝင်နေရင်း ဖမ်းဆီးခံလိုက်ရတာကြောင့် ပြည်သူလူထုလည်း မိသားစုနဲ့ထပ်တူဝမ်းနည်းခံစားနေရတာဖြစ်ပါတယ်။

Photo Credit:Wai Moe Naing’s Facebook Acc
Photo Credit:Wai Moe Naing’s Facebook Acc
Photo Credit:Wai Moe Naing’s Facebook Acc
Photo Credit:Wai Moe Naing’s Facebook Acc

ကိုဝေမိုးနိုင်ရဲ့မိခင်ကလည်း ဖမ်းဆီးခံလိုက်ရတဲ့သားလေးအတွက် နေ့ညမပြတ်စိတ်ပူနေတာဖြစ်ပါတယ်။ကိုဝေမိုးနိုင်ရဲ့မိခင်က သားလေးဖမ်းဆီးခံရတဲ့ရက်တွေမှာ စိုးရိမ်ပူပန်မှုများစွာနဲ့ခက်ခဲစွာကျော်ဖြတ်နေရတာဖြစ်ပါတယ်။အဝလွန်သောခန္ဓာကိုယ်နဲ့ ဆက်နွယ်တဲ့ရောဂါအခံများရှိတဲ့အပြင် ရိုက်နှက်ဖမ်းဆီးထားခြင်းကြောင့်ရရှိလာတဲ့ဒဏ်ရာများအတွက်လည်း သားလေးကိုဆေးကုသမှုပေးရန် ကိုဝေမိုးနိုင်ရဲ့မိခင်ကတောင်းဆိုထားတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း သူရဲကောင်းကိုဝေမိုးနိုင်အတွက် တစ်ဖက်တစ်လမ်းကနေ speak outလုပ်ပြီး ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit:@Kaung Thar
Photo Credit:@Kaung Thar
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုဝေမိုးနိုင်ရဲ့မိခင်ကတော့ သားလေးရဲ့အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုရှိဖို့အတွက် အမြဲဆုတောင်းပြီး ရင်နင့်ခံစားနေရတာပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိဆိုရင် ဖမ်းဆီးခံရတဲ့ပြည်သူတွေ ထောင်ကျော်ရှိသွားပြီဖြစ်ပြီးမိသားစုဝင်တွေအနေနဲ့လည်း ဘယ်အချိန်ပြန်လွတ်လာမလဲလို့ တမျှော်မျှော်နဲ့ဖြစ်နေရှာတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုချိန်ထိတိုင်အောင် သတ္တိအပြည့်နဲ့ရင်ဆိုင်နေကြရင်း ဖမ်းဆီးခံရသူတွေနဲ့ကျဆုံးသူတွေအတွက် ပိုကြိုးစားပေးနေကြတာဖြစ်ပါတယ်။ဖမ်းဆီးခံသွားရတဲ့ပြည်သူတွေလည်း အမြန်ဆုံးပြန်လွတ်ပါစေလို့ဆုတောင်းပေးရင်း ကိုဝေမိုးနိုင်မိခင်ရဲ့ ရင်ဖွင့်စကားလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T