ငါတို့ပြည်သူ ငါတို့ပြန်ပေး campaign ကို နေရာအစုံမှာ ပုံစံမျိုးစုံနဲ့လှုပ်ရှားခဲ့ကြတဲ့ GenXYZ

//s9.kh1.co/ef/ef330d3c3d53e9f049980564013924aaa9fee7b2.jpeg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

ခုဆိုရင် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်း (၇၀၀) ကျော်ကျဆုံးခဲ့သလို လူပေါင်းထောင်ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဆန္ဒပြသူတွေဟာလည်း မရိုးနိုင်တဲ့နည်းလမ်းတွေနဲ့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုရလာအောင် ဖန်တီးပြီး မိမိတို့ရဲ့ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ ရင်တွင်းခံစားချက်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

လမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့သူတွေလည်းရှိသလို အိမ်မှာနေရင်းသတင်းတွေမျှဝေပြီး သံပုံးတီးကာ ပါဝင်နေသူတွေလည်းရှိကြပါတယ်။ ပြည်သူတွေဟာ ဘက်ပေါင်းစုံကနေ မိမိတို့ရဲ့ ဆန္ဒတွေကို အမျိုးမျိုးသောနည်းလမ်းတွေနဲ့ဖော်ထုတ်နေကြတာကိုတွေ့ရပြီး မနေ့ကဆိုရင်လည်း "ငါတို့ပြည်သူ ငါတို့ပြန်ပေး "ဆိုတဲ့ campaign ကို လူငယ်တွေစုပေါင်းပြီး လက်ဝါးပေါ်မှာ စာများရေးသားကာ မိမိတို့နေအိမ်မှာပဲ ပါဝင်လှုပ်ရှားခဲ့ကြတာတွေ့ရပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီ campaign လေးကိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း လူငယ်တစ်ယောက်က ခုလိုရင်ဖွင့်ပြောကြားလာပါတယ်။ " ဒီ Campaign ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တော့ အဖမ်းစီးခံ ပြည်သူများအားလုံး၊ အပြစ်မဲ့ပြည်သူတွေအားလုံး နဲ့ အဖမ်းစီးခံ ကျောင်းသားများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် လုပ်တာပါ " လို့ အဆိုပါ Campaign တွင်ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T