ဒုတိယကိုယ်ဝန်လွယ်ထားရချိန်တွင် စိတ်ထဲမှာခံစားနေရသော အရာလေးတွေကို ရေးသားပြောပြလာခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/3f/3f0108ee56310b63712ce8b2978216318de8fc0d.jpeg
အနုပညာရှင်များ

 ၂၂-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  နှိုင်းယှဉ်မြင့်မိုရ်ကတော့  အနုပညာလောကမှာ  ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်လာခဲ့သူ တစ်ဦး ဖြစ်ပါတယ်။  လူတိုင်းအပေါ်   ပွင့်လင်းစွာ ဆက်ဆံပြောဆိုတတ်တဲ့  သူမရဲ့ပုံစံကြောင့်  အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ အခါမှာလည်း အောင်မြင်မှုတွေ ရရှိနေတာ  ဖြစ်ပါတယ်။  မကြာသေးခင်ရက်ပိုင်းလောက်က  ပရိသတ်တွေကို  ဝမ်းသာစရာသတင်းတစ်ခု ဝေမျှပေးလာတာ ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

ဒါကတော့  ဒုတိယကိုယ်ဝန်လွယ်ထားတဲ့ အကြောင်းကို ပြောပြလာတာဖြစ်ပြီး  ချစ်ခင်ရတဲ့ မိတ်ဆွေများက  နှိုင်းယှဉ်အတွက်  ဝမ်းသာကြည်နူးနေကြတာ  ဖြစ်ပါတယ်။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  နှိုင်းယှဉ်မြင့်မိုရ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဒုတိယကိုယ်ဝန်လွယ်ထားနေရချိန်တွင်  စိတ်ထဲတွင် ခံစားနေရတဲ့အရာလေးတွေကို  ရေးသားပြောပြလာတာ  ဖြစ်ပါတယ်။

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 

သူမကလည်း " ပထမကိုယ်ဝန် တုန်းက မျက်နှာကရင့်တယ်....

စိတ်လည်းအရမ်းကြီးတယ်..

ဒေါသခဏခဏထွက်တယ်....တုတ်ဆွဲ ဓားဆွဲလုပ်တယ်

ရိုက်ရတဲ့ဇာတ်ကားတွေကလည်း အရမ်းကြမ်းကြမ်းတမ်းတမ်းတွေ ရိုက်ရတယ်....

အသီးတွေ အရမ်းစားတယ်...အော့အန် မူးဝေတာ ပျို့တာ

ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး....

ခု ဒုတိယကိုယ်ဝန်  မျက်နှာက နုဖတ်နေတယ်

မနက်မိုးလင်းထဲက ပျို့အန်မူးဝေရင်တလှပ်လှပ်က

နေ့လည် လောက်မှ ပျောက်တယ်....

ချောကလက် ရေခဲမုန့် နဲ့ မြင်မြင်သမျှစားချင်တယ်...

စိတ်အရမ်းနုတယ်....ဘာသတင်းဖတ်ဖတ် မျက်ရည်ကျတယ်....ရုပ်ရှင်ကားကြည့်လည်း ငိုတယ်....

ပါးစပ်က ကြမ်းတမ်းတဲ့စကားတွေ ဆဲတာတွေ စိတ်ကပြောချင်ရင်တောင် ပြောမထွက်ဘူး....

ဘာလေး လိုချင်လည်းလို့မေးရင် မိန်းကလေး

အိပ်မက်ထဲက မမရေ လို့ ခေါ်နေတဲ့ မိန်းခလေးး

ကိုဗစ်မဖြစ်ခင်ထဲက တစ်ခါအိပ်မက်မက်တယ်လို့

ရေးဖူးတယ်...မမရေ မမရေ နဲ့ ခေါ်ပြီး လိုက်လာတာ ဆံရစ်ဝိုင်းလေးနဲ့နားကောက် လေးနဲ့ ချောချောလေး

၁၂လပိုင်း ၂၃ရက်နေ့က ကျိုက္ခမီစက်စဲသွားပြီး

ပြန်လာပြီးကတည်းက ကလေးအိပ်မက်တွေ မက်တယ်...

ဘယ်ကပဲ လာလာ အကောင်းဆုံးကြိုးစားပြီး ကျွေးမွေး

စောက်ရှောက် ပါ့မယ်...

လူတန်းစေ့ နေနိုင်အောင်ကြိုးစားပေးပါ့မယ် 

သားနဲ့သမီးရယ် " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nhying Shin’s Facebook Account 

Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Photo Crd-Nhying Shin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T