ချစ်သမီးလေးတွေအတွက် ဇာတ်ကားရိုက်ကူးမှု ၆ လနားမယ့် မေမေချစ်သုဝေ

ပရိသတ်ကြီးရေ နိုင်ငံကျော်အနုပညာရှင်နှစ်ဦးဖြစ်တဲ့လင်းလင်းနဲ ့ချစ်သုဝေတို ့ရဲ ့အမွှာသမီးလေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ ့မေမြန်မာသစ် တို ့ရဲ ့၆ လပြည့်မွေးနေ ့ပွဲလေးကို မကြာခင်က ကျင်းပဖြစ်ခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဟာ ပရိသတ်တွေရဲ ့ချစ်ခင်မှုတွေကိုလည်း ပို်င်ဆိုင်ထားကြပါတယ်။

မိခင်ဖြစ်သူ ချစ်သုဝေဟာ သရုပ်ဆောင် အဆိုတော်တစ်ယောက်ဖြစ်တာမို ့အနုပညာအလုပ်တွေအတွက် အချိန်အများကြီးပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ၆လ အရွယ်သာရှိသေးတဲ့ ငယ်ရွယ်သေးတဲ့ သမီးလေး၂ယောက်ကို အချိန်ပေးနိုင်ဖို ့ ဇာတ်ကားရိုက်ကူးမှုတွေကို ၆လ နားမှာဖြစ်ကြောင်း

ဒီလိုနားထားပေမယ့် ပရိသတ်တွေနဲ ့အဆက်မပြတ်အောင် ကြော်ငြာလေးတွေကိုတော့ ရိုက်ကူးသွားမှာဖြစ်ကြောင်းကို ချစ်သုဝေက အကုန်သိသတင်းဌာနကို အခုလိုပဲပြောပြသွားပါတယ်။

“အခုချိန်မှာ ကိုယ့်အတွက်ဆိုတဲ့ စိတ်ကိုမရှိတော့ဘူး။ အရာရာတိုင်းကို သူတို ့လေးတွေအတွက် စဉ်းစားပြီး လုပ်ဖြစ်နေပါတယ်။

ကားရိုက်ဆိုရင်လည်း အချိန်တွေအများကြီးပေးပြီးတော့ နယ်ဘက်ကို ထွက်ရတဲ့အတွက် သူတို ့လေးတွေကိုလည်း အချိန််ပေးနိုင်မယ် မမချစ်တဲ့ ပရိသတ်တွေနဲ ့လည်းမဝေးကွာရအောင် အခုချိန်မှာ ကြော်ငြာလေးတွေပဲ ရိုက်ဖြစ်နေပါတယ်” လို ့ချစ်သုဝေက ပြောပြခဲ့ပါတယ်။

၆လကြာနားပြီးနောက်မှာတော့ ချစ်သူဝေဟာ ဇာတ်ကားများကို ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပြီး သီချင်းဆိုတဲ့အပိုင်းကို အဓိက အားပြုသွားမှာဖြစ်တယ်လို ့

လည်း သိရပါတယ်။ 

သတင်းအရင်းမြစ် Akonthi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။