နေပူပြင်းတဲ့အချိန်မှာတောင် ပြည်သူတွေအတွက် လမ်းပေါ်ကိုထွက်ပြီး ဆန္ဒဖော်ထုတ်ပေးခဲ့ကြတဲ့ မန္တလေးမြို့ကသံဃာများ

//s9.kh1.co/b6/b68d9b4f69906af31f8c6f34869e49e6e621c1d8.jpg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နေပူပြင်းတဲ့အချိန်မှာတောင် ပြည်သူတွေအတွက် လမ်းပေါ်ကိုထွက်ပြီး ဆန္ဒဖော်ထုတ်ပေးခဲ့ကြတဲ့ မန္တလေးမြို့ကသံဃာများ

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတော့ ပြည်သူတွေက အခုချိန်အထိတိုင်အောင် လူထုလှုပ်ရှားမှုပွဲတွေကို နေ့ရောညပါ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေက လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ကြွေးကြော်နေကြသလို ငြိမ်းချမ်းစွာနဲ့ Strike ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကိုလည်း အမြဲစဥ်းစားနေကြတာ ဖြစ်ပါတယ် ။ ယခုဧပြီလ (၂၂)ရက်နေ့အထိ စာရင်းများအရ ကျဆုံးသွားတဲ့ ပြည်သူပေါင်း (၇၀၀) ကျော်တောင် ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုယ့်နိုင်ငံအတွက် တာဝန်ကိုယ်စီယူပြီး ကြိုးစားပေးနေကြတဲ့ ပြည်သူတွေထဲမှာ လူကြီးလူငယ်၊ ကျားမမရွေးပါဝင်သလို ရဟန်းသံဃာတွေလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ ရဟန်းသံဃာတွေက ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး သူတို့တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း မန္တလေးမြို့မှာရှိတဲ့ သံဃာတွေက သူတို့ကိုယ်တိုင်ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သံဃာတော်တွေကတော့ နေပူကြီးထဲမှာ အပင်ပန်းခံပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ မန္တလေးမြို့ရဲ့ နွေနေပူပူကိုအန်တုပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက "ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်" ဆိုတဲ့ ပိုစတာကို ကိုင်ဆောင်ရင်း လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ် ။ အန္တရာယ်တွေကြားကနေ ဆန္ဒဖော်ထုတ်ပေးခဲ့ကြတဲ့ မန္တလေးမြို့က သံဃာတွေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T