သူ့ရဲ့ရင်တွင်းခံစားချက်တွေကို မိန်းမဖြစ်သူသိအောင် ရေးသားပြောပြထားတဲ့ အိုးဘိုထောင်ထဲက အမျိုးသားတစ်ဦးရဲ့စာလေး

//s9.kh1.co/31/3121f8eee2f1467a40a2a060e37e2783c0784383.jpg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့ရင်တွင်းခံစားချက်တွေကို မိန်းမဖြစ်သူသိအောင် ရေးသားပြောပြထားတဲ့ အိုးဘိုထောင်ထဲက အမျိုးသားတစ်ဦးရဲ့စာလေး

အခုချိန်မှာတော့ ပြည်သူတွေက လူထုလှုပ်ရှားမှုတွေကို နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေပြီး တစ်ထောင့်တစ်နေရာကနေ တာဝန်ကိုယ်စီကျေပွန်နေကြတာ ဖြစ်ပါတယ် ။ ဖေဖော်ဝါရီလကတည်းက စတင်ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် ယခုဧပြီလအထိတိုင်အောင် ဆန္ဒဖော်ထုတ်ပွဲတွေကို နေရာအနှံ့အပြားမှာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ပြည်သူတွေ တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေလည်း များစွာရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader @BAYBAY
Photo Credit-Original Uploader @BAYBAY

အခုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးကို ပျံ့နှံ့နေတဲ့ စာလေးတစ်စောင်ရဲ့အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒီစာလေးကတော့ အိုးဘိုထောင်ထဲမှာရှိတဲ့ လူတစ်ယောက်က သူ့ရဲ့ဇနီးဖြစ်သူဆီကို ရေးသားပေးပို့ထားတဲ့ စာပဲ ဖြစ်ပါတယ် ။ ဒီစာကိုရေးသားခဲ့တဲ့ အမျိုးသားက စာရွက်အပိုင်းအစတစ်ခုအပေါ်မှာ သူ့ရဲ့ဇနီးဖြစ်သူအတွက် အမှာစကားတွေပါးထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဇနီးဖြစ်သူကို လွမ်းတဲ့အကြောင်းနဲ့ အရမ်းချစ်တဲ့အကြောင်းတွေ ရေးသားထားတဲ့ အိုးဘိုထောင်ထဲက လူတစ်ယောက်ရဲ့စာလေးကတော့ ဖတ်ရှုမိသူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီစာကိုပြန်တင်ပေးထားတဲ့ ပြည်သူတစ်ယောက်က အလောတကြီးယူခဲ့ရတာဖြစ်လို့ စာပေးပို့ဖို့ နာမည်နဲ့ ဖုန်းနံပါတ်မပါတာကြောင့် အခုလိုတင်ပေးလိုက်ရတာဖြစ်ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဇနီးဖြစ်သူအတွက် ရည်ရွယ်ရေးသားထားတဲ့ အမျိုးသားရဲ့စာထဲက လက်ရေးကိုမြင်ပြီး မှတ်မိပါစေလို့ ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T