မလိုအပ်တဲ့ သတင်းများကိုမဖွကြဘဲ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တာတွေကိုသာ လုပ်ပေးကြဖို့တောင်းဆိုလိုက်တဲ့ သာဒီးလူ

//s9.kh1.co/5d/5dfce726dca2f1b0ad6b53785f9aa3d29fd3e19e.jpeg
အနုပညာရှင်များ

 ၂၂-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သာဒီးလူကတော့  အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုတဲ့ အဆိုတော်တစ်ဦး  ဖြစ်ပါတယ်။  သူကတော့ အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်းရပ်တည်ပေးသူလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်  ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်စိတ်မကောင်းဖြစ်နေတာပါ။

Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 

လူထုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြတဲ့  အနုပညာရှင်တစ်ချို့ကတော့  ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ  ဖြစ်ပါတယ်။  ဒီအကြောင်းနဲ့ ပတ်သက်ပြီး  မကြာသေးခင် နာရီပိုင်းလောက်က  သာဒီးလူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  မလိုအပ်တဲ့ သတင်းများကိုမဖွကြဘဲ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တာတွေကိုသာ လုပ်ပေးကြဖို့တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 

" ဝရမ်းတကယ်ထွက်လာရင် List မှာ ဘယ်သူပါတယ်ဘယ်ဝါပါတယ်ဆိုတာ ကာယကံရှင်နဲ့တကွ သူတို့ရဲ့မိသားစုဝင်တွေနဲ့နီးစပ်ရာလူတွေက သိပါတယ်ဗျာ၊သူတို့လည်း FB သုံးတတ်ကြမှာပါ၊ခုဟာက အဲ့တာကို ခင်ဗျားတို့ကပြောမဆုံး အောင် လူမသိသိအောင် ဝရမ်းပြေးအကြီးစားမဖြစ်ဖြစ်အောင် ထပ်ခါထပ်ခါတွေ Share လုပ်၊သူကတော့ ဘယ်လို တိုက်ပွဲဝင်ခဲ့တာ ဘယ်လို ရဲရဲတောက်ခဲ့တာတွေ မဟားတရားတွေလျှောက်ပြော၊FB မှာအမှတ်တွေယူ၊ခင်ဗျားတို့အဲ့လိုတွေလုပ်တော့ အခု ကာယကံရှင်တွေ နေရထိုင်ရခက်ကုန်တာ သိကြလား၊ တကယ် ဝရမ်းထွက်လာတဲ့သူတွေမပြောနဲ့ ကျွန်တော်တို့ကိုတောင် တချို့အပေါင်းသင်းတွေ လမ်းမှာမျက်နှာချင်းဆိုင်မြင်တာနဲ့မျက်စိမျက်နှာတွေပျက်နေကြပြီ၊လက်ရင်းထိုးပေါင်းခဲ့တဲ့ သူတွေကအစ မခေါ်ချင်မပြောချင် ဖြစ်ကုန်ကြပြီ၊အဲ့တာတွေသိကြလား ဆြာကြီးGen-Genius တို့ရေ၊ ဦးနှောက်တော့ သုံးကြပါဗျာ၊ရှေ့ထွက်လည်းပြောမယ် မထွက်ရင်လည်း ဆဲမယ်ခင်ဗျားတို့က၊အခုကျတော့ မိတ်ရင်းဆွေရင်းတွေတောင် ကျွန်တော်တို့ကို တရှောင်ရှောင် ဖြစ်လာပြီ၊ရပ်ကွက်ထဲမှာလည်း ဒီကောင် မပါသွားသေးဘူးလား၊အနုပညာ သမားတွေ ဖမ်းနေတယ်လေ ဘယ်ချိန် ဒီကောင်ကို လာခေါ်မှာလဲစသည်ဖြင့် တံထွေးခွက် ပက်လက်မျော တဲ့အကွက်တွေကြုံနေရတာကိုရော သိကြလား၊ ဆင်ခြင်ကြပါဗျာ ကျွန်တော် တောင်းဆို တာပါ၊မလိုအပ်တဲ့သတင်းတွေကို မဖွကြပါနဲ့ ဒီချိန်မှာ တိုင်းပြည်အတွက်တကယ်လိုအပ်တာကို လုပ်ပေးကြပါ၊ကျွန်တော် တောင်းဆိုတာပါ????? " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Thar Deelu’s Facebook Account 

Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Photo Crd-Thar Deelu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T