ဒီကနေ့ ညနေပိုင်း twitter ပေါ်မှာ ပျံ့နှံ့လာတဲ့ မြန်မာ့ရေးရာသတင်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းအင်တာနက် နဲ့ wireless wifi တွေအဖြတ်ခံရတာအပြင် အင်တာနက်ကို အချိန်အကန့်အသတ်နဲ့ သုံးနေရတာတွေ ရပ်တန့်ပေးဖို့အတွက် speak out လုပ်နေကြတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ရတနာပုံ တက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေ ဒီကနေ့မနက်မှာ ဆန္ဒထုတ်ဖော်တဲ့ သတင်းတွေလည်း ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။
နောက်ထပ်သတင်းအနေနဲ့ကတော့ ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းကြောင်း ကြေညာတဲ့သတင်းတွေလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ကြောညာချက်အရတော့ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ ဖက်ဒရယ်တပ်မတော် မဖြစ်ပေါ်လာသေးမီစပ်ကြား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မူဝါဒလမ်းညွှန်ချက်နဲ့အညီ လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်သတင်းတွေအနေနဲ့ကတော့ ရှမ်းပြည်နယ် ဟိုပုံမြို့အပြင် အခြားသော မြန်မာနိုင်ငံအတွင်းက မြို့နယ်တွေမှာ အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ သတင်းတွေ ပျံ့နှံ့နေတာကို တွေရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက ပုစွန်တောင်မြို့နယ်မှာ ကားတွေတားပြီး စစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နေတာကို တွေ့ရပါတယ်။