သပိတ်စစ်ကြောင်းတွေ ထွက်ရှိဆဲ မန္တလေး သတင်းအပါအဝင် twitter ပေါ်က နံနက်ခင်းသတင်းများ

//s9.kh1.co/ea/ea5837f1fd8b3fe730249fdbedf065341535e208.jpg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မန္တလေးမှာ အပြင်းအထန်ဖိနှိပ် ဖြိုခွင်းခံရမှုတွေ ရှိနေပေမယ့်လည်း ဒီကနေ့မနက်မှာ သပိတ်စစ်ကြောင်းတွေ ထွက်ရှိနေဆဲဖြစ်တဲ့ သတင်းဟာ twitter ပေါ်ထိပျံ့နှံ့လာတာကို တွေ့ရပါတယ်။

မန္တလေးမှာ ကျောင်းသားတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းအပြင် ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/02/0249e94bd688d1d4eed07067d01fd677b2c392cc.jpg
https://s9.kh1.co/__image/w=650,h=432,q=100/10/101ee14ff49c8d18c37273f5b3b180cfbb060e16.jpg

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ခင်ငြိမ်းသူ ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ဖမ်းဆီးခံရပြီး sexual assault လုပ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ခင်ငြိမ်းသူအကြောင်းကိုတော့ စစ်ကြောရေးက ပြန်လွတ်လာတဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ RFA ကမေးထားတဲ့ အင်တာဗျူး ဗီဒီယိုမှာ သူမတွေ့မြင်ခဲ့ရတဲ့အတိုင်း ပြောကြားထားတာကိုတွေ့ရပါတယ်။

Twitter ပေါ်မှာဆိုရင်လည်း ခင်ငြိမ်းသူ အကြောင်းကို အခြားသောနိုင်ငံကလူတွေပါ သိရှိအောင် tweet ပေးနေကြတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=963,q=100/1d/1d1365f5515d6e4b926042b3796fe4aed8398c1d.jpg

နောက်ထပ်သတင်းအနေနဲ့ကတော့ ၅၀၅ က နဲ့ဝရမ်းထုတ်ခံရတဲ့ စာရင်းမှာ အရင်ကပါဝင်ပီးသား ဖြစ်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း ၊ ပိုင်ဖြိုးသု နဲ့ ခင်ဝင့်ဝါတို့ ထပ်မံပါဝင်လာတဲ့ သတင်းလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူမနေထိုင်ရာ နေအိမ်ကို အင်အားအများအပြားနဲ့ လာရောက်ရှာဖွေ ဖမ်းဆီးခံရပေမယ့်လည်း အဖမ်းမခံခဲ့ရဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/7a/7abd4600d757d29b25f0ea578b7bf6fd46ba4095.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T