ပြည်သူတွေကတော့ အခုကာလမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်းနဲ့ပဲ ရှေ့ဆက်နေကြရတာ ဖြစ်ပါတယ် ။ အဆင်ပြေတဲ့သူတွေက အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးကြသလို ပြည်သူအချင်းချင်း အပြန်အလှန် စေတနာထားပြီး စည်းလုံးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ် ။ အခုလည်း Delivery အလုပ်ကိုလုပ်ကိုင်တဲ့ Rider တစ်ဦးက သဘောကောင်းတဲ့ ပြည်သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြောပြထားတာ ဖြစ်ပါတယ် ။
စာထဲမှာတော့ အမျိုးသမီးတစ်ဦးက သူ့ဆီကနေ ငွေနှစ်သောင်းဖိုးမှာတဲ့အပြင် ကြက်ကြော်ပါ လက်ဆောင်ပြန်ပေးခဲ့ကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပို့ဆောင်ခကိုလည်း ထိုက်ထိုက်တန်တန် ပေးခဲ့တာကြောင့် သူက အဲ့ဒီအမျိုးသမီးကို အရမ်းကျေးဇူးတင်နေတာပဲ ဖြစ်ပါတယ် ။ အော်ဒါတစ်ကြောင်းပဲ ပို့ခဲ့ရပေမယ့်လည်း ကြက်ကြော်နဲ့ ထမင်းကောင်းကောင်းစားခဲ့ရတယ်လို့ သူက စကားဆိုထားတာပဲ ဖြစ်ပါတယ် ။
သူ့အနေနဲ့ အခုလို စိတ်သဘောထားကောင်းတဲ့စေတနာရှင်နဲ့ ဆုံတွေ့ရလို့ ပျော်ရပေမယ့်လည်း အရင်ရက်တွေကဆိုရင် တစ်နေကုန်နေမှ အော်ဒါတစ်ကြောင်းပဲပို့ရလို့ အရမ်းဝမ်းနည်းခဲ့ရကြောင်းကိုလည်း ရင်ဖွင့်ထားတာ ဖြစ်ပါတယ် ။ အခုအချိန်မှာတော့ Rider တွေက သူတို့ရဲ့စားဝတ်နေရေးအတွက် အန္တရာယ်တွေကြားကနေတောင် လမ်းပေါ်ကိုထွက်ပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ် ။ သူတို့ရဲ့မိသားစုတွေအတွက် လမ်းပေါ်မှာ ရုန်းကုန်လှုပ်ရှားနေရတဲ့ Rider တွေကို ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သလောက် ဖေးမကူညီပေးနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။
Source & Photo Credit-Original Uploader