တောထဲမှာအဆင်ပြေသလိုသာနေထိုင်ရပြီး နေပူလိုက်၊မိုးရွာလိုက်အခြေအနေဖြစ်လို့ ဖျားနာနေကြတဲ့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်များ

//s9.kh1.co/f2/f2b7970e930aaac5870fe9a36d64ad5fc1a05e76.jpeg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

တောထဲမှာအဆင်ပြေသလိုသာနေထိုင်ရပြီး နေပူလိုက်၊မိုးရွာလိုက်အခြေအနေဖြစ်လို့ ဖျားနာနေကြတဲ့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်များ

လက်ရှိအခြေအနေမှာဆိုရင်တော့ စစ်ဘေးဒုက္ခခံစားနေရတဲ့ ကရင်ပြည်နယ်ကပြည်သူတချို့အတွက်ပြည်သူလူထုကလည်း မိမိတို့ရဲ့အခက်အခဲကိုဘေးချိတ်ပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။အခုကာလမှာ လူတိုင်းနီးပါးက စီးပွါးရေးအကြပ်အတည်းတွေနဲ့ကြုံတွေ့နေရပေမယ့် အလှူအတန်းဆိုရင်တော့အရမ်းရက်ရောကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် စားစရာ၊အဝတ်အထည်နဲ့ လိုအပ်တဲ့ပစ္စည်းတချို့ကို အလှူရှင်တွေရဲ့ကိုယ်စား Volunteers တွေကသွားရောက်လှူဒါန်းကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကရင်ပြည်နယ်ကပြည်သူတချို့ကတော့ စစ်ဘေးကိုရှောင်ဖို့အတွက် မိမိတို့ရဲ့ရွာတွေကနေ တောထဲမှာဝင်ပုန်းနေရပြီး အဆင်ပြေသလိုသာနေထိုင်စားသောက်နေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေက လေယာဉ်သံကြားရင် ဂူထဲဝင်ပုန်းလိုက်၊ကျောက်တုံးအောက်ဝင်ပုန်းလိုက်နဲ့  ထွက်ပြေးနေရတာမောပန်းနေကြပြီဖြစ်ပါတယ်။မြေကြီးပေါ်မှာအိပ်၊စားကြပြီး နေပူလိုက်၊မိုးရွာလိုက်အခြေအနေဖြစ်လို့ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအများကြီးလည်း ဖျားနာနေကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့ကလေးငယ်တွေဆိုရင် တောထဲမှာအိပ်ရတာ ရက်တွေကြာမြင့်နေတာကြောင့် ခြင်တွေအကိုက်ခံရပြီးခန္ဓာကိုယ်ပေါ်မှာ အနာလေးတွေတောင်ဖြစ်နေတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးတချို့ကို လှူဒါန်းပေးကြပြီး လိုအပ်တဲ့အကူအညီတွေပေးနေကြတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေကတော့ ကိုယ်ချင်းစာစိတ်အပြည့်ရှိကြပြီး အချင်းချင်းစောင့်ရှောက်ပေးနေကြတာဖြစ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးနိုင်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit : Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T