မိဘတွေက အရမ်းခက်ခဲလွန်းလို့ နီးစပ်ရာဆီမှာပေးသွားခဲ့တဲ့ကလေးအတွက် နို့မှုန့်နဲ့ကလေးပစ္စည်းတွေ အလှူခံနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/13/137c1784e891e6595053682ddbdbe97e638d2a78.jpeg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မိဘတွေက အရမ်းခက်ခဲလွန်းလို့ နီးစပ်ရာဆီမှာပေးသွားခဲ့တဲ့ကလေးအတွက် နို့မှုန့်နဲ့ကလေးပစ္စည်းတွေ အလှူခံနေတဲ့ ပြည်သူတစ်ဦး

ကိုယ်ချင်းစာတရားအပြည့်အဝရှိကြတဲ့ပြည်သူလူထုကတော့ လက်ရှိအခြေအနေမှာ အကူအညီလိုအပ်နေသူတွေအတွက် တတ်နိုင်သလောက်ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာပြီး သဒ္ဓါတရားနည်းများမဆိုလှူဒါန်းပေးကြဖို့အတွက် တိုက်တွန်းနှိုးဆော်ပေးသေးတာဖြစ်ပါတယ်။အလှူရှင်တွေကလည်း ခက်ခဲနေတဲ့သူတွေ အဆင်ပြေသွားဖို့အတွက် အလှူငွေတွေထည့်ဝင်ကြကာ မေတ္တာတရားရှေ့ထားပြီး ကူညီနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပြည်သူတစ်ဦးက အကူအညီလိုအပ်နေတဲ့ကလေးငယ်လေးတစ်ဦးအတွက် လှူဒါန်းပေးဖို့မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။ကလေးရဲ့မိဘတွေကတော့ သင်္ကြန်တွင်းကာလမှာ အရမ်းခက်ခဲလွန်းလို့ နီးစပ်ရာဆီမှာကလေးကိုပေးအပ်သွားခဲ့တာဖြစ်ပါတယ်။ကလေးငယ်လေးအတွက် နို့မှုန့်၊diaperနဲ့ ကလေးပစ္စည်းလေးတွေလိုအပ်နေတာဖြစ်ပါတယ်။ကလေးငယ်လေးခမျာ မွေးကင်းစကတည်းက မိဘမေတ္တာငတ်မွတ်သွားလို့ ပြည်သူတစ်ဦးကဂရုဏာထားပြီး စောင့်ရှောက်ပေးထားတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူလူထုကတော့ လူသားချင်းစာနာထောက်ထားပေးတတ်တာကြောင့် အခုလိုကာလမှာ ခက်ခဲနေတဲ့သူတိုင်းကို လက်လှမ်းမှီသလောက်ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။တချို့ပြည်သူတွေကလည်း ကလေးငယ်လေးအလှူရှင်ရဖို့အတွက် ပို့စ်ကိုဝိုင်းshareပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီနေကြတာဖြစ်ပါတယ်။ကလေးလေးကိုဂရုဏာထားပြီး လိုအပ်တဲ့ပစ္စည်းတွေ ပေးအပ်ကူညီချင်တယ်ဆိုရင်တော့ (09795405022 )ကိုဆက်သွယ်ပြီးလှူဒါန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T