လိုအပ်သူများအတွက် ပိုလျှံသူများစေတနာဆိုပြီး အခြေခံစားသောက်ကုန်တွေကို ရက်ရက်ရောရောဝေငှနေတဲ့ ပုဂံမြို့ကပြည်သူများ

//s9.kh1.co/0c/0c860d4edf7dc553a6fe0e02504d7f0e25a3530d.jpeg
နေ့စဉ်သတင်းများ

 ၂၃-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

လိုအပ်သူများအတွက် ပိုလျှံသူများစေတနာဆိုပြီး အခြေခံစားသောက်ကုန်တွေကို ရက်ရက်ရောရောဝေငှနေတဲ့ ပုဂံမြို့ကပြည်သူများ

ပြည်သူလူထုကတော့ ဒီကာလမှာဆိုရင် တစ်ယောက်အခက်အခဲကို တစ်ယောက်ကမျှဝေခံစားပေးနေကြပြီးအချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။တချို့လက်လုပ်လက်စားပြည်သူတွေဆိုရင် တစ်နေ့တာစားသောက်ဖို့အတွက်တောင် ခက်ခဲနေရတာဖြစ်ပါတယ်။ဒါ့ကြောင်လည်း အမြို့မြို့၊အနယ်နယ်ကပြည်သူတွေက လိုလျှင်ယူ၊ပိုလျှင်လှူ အစီအစဉ်လေးကိုပြုလုပ်ကြပြီး ဆင်းရဲနွမ်းပါးတဲ့သူတွေအတွက် အခြေခံစားသောက်ကုန်တွေကို မျှဝေနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပုဂံမြို့မှာရှိတဲ့ ပြည်သူတွေက “လိုအပ်သောပြည်သူများအတွက် ပိုလျှံသူများစေတနာ”ဆိုပြီးဆန်၊ဆီ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ကြက်ဥ စတာတွေကို ဝေမျှနေကြတာပဲဖြစ်ပါတယ်။လိုအပ်နေတဲ့ပြည်သူတွေကလည်း မိမိတို့မိသားစုရဲ့စားဝတ်နေရေးအတွက်အဆင်ပြေအောင်လို့ လာရောက်တန်းစီပြီး စနစ်တကျနဲ့ယူနေကြတာကို တွေ့ရပါတယ်။“တစ်ဦးမေတ္တာ၊တစ်ဦးစေတနာ”ဆိုသလို ပြည်သူလူထုရဲ့ အပြန်အလှန် ဂရုဏာထားပေးကြတဲ့စိတ်ဓာတ်တွေက လေးစားဖို့ကောင်းပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုးအချင်းချင်းကူညီပေးမှုတွေကြောင့်လည်း ကိုဗစ်ကာလကတည်းက ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကို ဒီနေ့အချိန်ထိ ကျော်လွှားနေနိုင်ကြတာပဲဖြစ်ပါတယ်။သဒ္ဓါတရားထက်သန်ကြတဲ့ပြည်သူတွေကတော့ မိမိတို့မှာရှိသလောက်ကို လိုအပ်နေတဲ့သူတွေအတွက် မျှဝေပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပုဂံမြို့မှာ အခြေခံစားသောက်ကုန်တွေကို ရက်ရက်ရောရောဝေငှနေတဲ့ ပြည်သူတွေရဲ့ ကြည်နူးပီတိဖြစ်စရာပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T