မီးဖွားထားတာမကြာသေးတဲ့ ကျူးရပ်ကွက်က ကလေး၇ယောက်အမေ မုဆိုးမ မိသားစုအတွက် အိမ်ဆောက်ပေးနေတဲ့ ဝေဠုကျော်

//s9.kh1.co/b2/b27d8f6cfd5415f244d899a2dd5d93638190286e.jpg
အနုပညာရှင်များ

 ၂၃-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုပါ အင်တိုက်အားတိုက်လုပ်ဆောင်နေတာတွေကြောင့် ပြည်သူပရိသတ်တွေက လေးစားချစ်ခင်အားပေးနေကြတာပါ..။

ဝေဠုကျော်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ အခက်အခဲတွေနဲ့ရင်ဆိုင်ကာ ချို့တဲ့ရှာတဲ့ ပြည်သူတွေအတွက် ဖေးမကူညီမှုတွေနဲ့အတူ လှူဒါန်းမှုတွေကိုလည်း နေ့စဉ်နေ့တိုင်းပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

၇ရက်သားသမီးတွေနဲ့အတူ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း မီးဖွားထားတာမကြာသေးတဲ့ ကျူးရပ်ကွက်က ကလေး၇ယောက်အမေ မုဆိုးမ မိသားစုအတွက် အိမ်ဆောက်ပေးနေပြန်ပါတယ်..။

မိုးမလုံတဲ့အပြင် အခင်းပေါက်ပြဲပြီးအကာမရှိတဲ့ အိမ်ဟောင်းလေးကိုဖျက်ကာ ပြန်ပြင်ဆောက်ပေးနေတာဖြစ်ပြီး တချို့ သက်ကြီးဖိုးဖွား ကလေးငယ် ကိုယ်ဝန်ဆောင်သည်တွေရဲ့ မလုံမခြုံ အိမ်လေးတွေအတွက်လည်း တတ်နိုင်သလောက်သင့်တော်တဲ့ အမိုးအကာတွေ လှူဒါန်းပေးသွားမယ့်အကြောင်းနဲ့အတူ အလှူမှာကုသိုလ်ပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းပြောပြထားပါသေးတယ်..။

"23-4-2021

တောင်ဒဂုံ ကျူးက မုဆိုးမ ကလေး ၆ယောက်အမေ

ကိုယ်ဝန်ဆောင်သည် (အခုတော့ ကလေးမွေးလို့ ကလေး ၇ယောက်အမေဖြစ်)

ရဲ့ မိုးမလုံ အခင်းပေါက်ပြဲ အကာမရှိ

အိမ်ဟောင်းလေးကို မနေ့က အဖွဲ့သားတွေ ဝိုင်းဝန်း ကူညီ ဖျက်ပေးကြပါတယ်။

ဒီနေ့ အိမ်လေး စဆောက်ပါပြီ။

မဝါဝါလေးကတော့ တစ်အိမ်ကျော်က မောင်လေးရဲ့အိမ်မှာ ကလေးမီးဖွားပြီး နေနေပါတယ်။

မိုးရာသီက ရောက်ခါနီး

ကျူးရပ်ကွက်တွေထဲ ဆန်ဆီလိုက်လှူပေးရင်း

တချို့ကျူးအိမ်လေးတွေလည်း အမိုးအကာ မလုံခြုံတာ အများကြီး တွေ့ခဲ့ရတယ်။

အခုကာလကလည်း စားသောက်ဖို့တောင် အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ အသက်ဆက်နေရချိန် အလုပ်အကိုင်ကမရှိရ

သည့်ကြား သားသမီးတွေကများ ကျူးအိမ်သေးလေးကိုတောင် လုံခြုံအောင် မမိုးမကာနိုင်။

ဒီအိမ်လေးလိုပဲ တချို့ သက်ကြီးဖိုးဖွား ကလေးငယ် ကိုယ်ဝန်ဆောင်သည်တွေရဲ့ မလုံမခြုံ အိမ်လေးတွေအတွက် တတ်နိုင်သလောက်လေး သင့်တော်တဲ့

အမိုးအကာတွေ လှူဒါန်းပေးသွားပါဦးမယ်။

ဖောင်ဒေးရှင်းနှင့်အတူ အမိုးအကာတွေ အတွက် ကုသိုလ်ပါဝင်ကြပါအုံးလို့ တိုက်တွန်းနှိုးဆော်ပါရစေ။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K Pay)(U Soe Thein)

09455500014

09776089484(Wave).."ဆိုပြီး နှိုးဆော်တိုက်တွန်းရင်း ငွေအားအပြင် လုပ်အားဒါန ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်တွေကိုပါ အသိပေးဝေမျှထားတာပါ..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
https://s9.kh1.co/__image/w=650,h=316,q=100/21/21caa2bb5b95bd7eaef66556e17a2b943bd26a47.jpg
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T