နို့မှုန့်အခက်အခဲဖြစ်နေလို့ လက်ဖက်ရည်တွေဖျော်တိုက်နေရတဲ့ ကလေးတွေအတွက် နို့မှုန့်ဗူးများလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/ed/ed88e463b873a83501fdc4051b409ede0ac9bcc8.jpeg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုးကိုဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူမလုပ်နိုင်ပါဘူးနော်။ ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများစွာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ဝေးဝေး အရောက်သွားတတ်ပြီး အကူအညီလိုအပ်သူတိုင်းကို ဖေးမကူညီရင်း အားပေးနှစ်သိမ့်တတ်သူတစ်ယောက်ပါ။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

ခုလိုကာလမှာဆိုရင်လည်း နေရာတိုင်းမှာ အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေပြီး ခိုင်နှင်းဝေကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အဆင်မပြေဖြစ်ကာ စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆီကိုလည်း နေ့စဉ်တိုင်းလိုလိုသွားရောက်ကာ စားနပ်ရိက္ခာနဲ့ လိုအပ်တာများလှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

ဒီနေ့မှာဆိုရင်လည်း နို့မှုန့်တိုက်ရင်အဆင်မပြေလို့ လက်ဖက်ရည်ဖျော်တိုက်နေရတဲ့ ကလေးလေးတွေအတွက် နို့မှုန့်ဗူး (၁၀၀၀) ကို  သွားရောက်လှူဒါန်းခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။သူရဲ့အလှူလေးနဲ့ပတ်သက်ပြီးလည်း " နို့မှုန့် ဗူး (၁၀၀၀) အလှုလေးပါရှင်..နို့မှုန့်အခက်အခဲဖြစ်နေသောကြောင့် လက်ဖက်ရည်များ ဖျော်တိုက်နေရသည်ဟု ကြားရသောကြောင့် ကျမ ကလေးတွေ အတွက် စုဆောင်းထားသော နို့မှုန့်များနှင့် Nature One မှ ဝိုင်းဝန်းလှူဒါန်းပေးသော နို့မှုန့်ဗူးများ စုပေါင်းကာ နို့မှုန့် အခက်အခဲဖြစ်နေသော ကလေးများ၊ ကျန်းမာရေး မကောင်းသော ကလေးများ အား တစ်ဦးလျှင် (၂) ဗူး နှုန်းဖြင့် တတ်နိုင်သလောက် ဝေမျှ လှူဒါန်းသွားပါမည်ရှင်"ဆိုပြီးရေးသားဝေမျှထားပါသေးတယ်။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T