နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့သူရဲကောင်းတချို့ရဲ့ပုံရိပ်လေးတွေကို ပုံလေးတွေဆွဲပြီးဂုဏ်ပြုမှတ်တမ်းတင်ထားကြတဲ့ ပြည်သူများ

//s9.kh1.co/79/79624ca0e6d2c529deeacf9897910c7612e73177.jpeg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့သူရဲကောင်းတချို့ရဲ့ပုံရိပ်လေးတွေကို ပုံလေးတွေဆွဲပြီးဂုဏ်ပြုမှတ်တမ်းတင်ထားကြတဲ့ ပြည်သူများ

ပြည်သူလူထုကတော့ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက်နဲ့ လက်ရှိအခြေအနေကိုရင်ဆိုင်လာခဲ့တာ (၂)လကျော်ကြာမြင့်သွားပြီဖြစ်ပါတယ်။ဒီနေ့အချိန်ထိဆိုရင် ကျဆုံးသူဦးရေ(၇၀၀)ကျော်ရှိပြီး ဖမ်းဆီးခံရသူလည်း ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ဒီကာလမှာတော့ ပြည်သူလူထုက အချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြပြီး ကျဆုံးသူရဲကောင်းတွေအတွက်လည်း နာကျင်ခံစားနေရတာဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့မိသားစုဝင်တွေကိုလည်း ပြည်သူလူထုက တတ်နိုင်သလောက်ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိအချိန်မှာဆိုရင် မြန်မာပြည်သူ၊ပြည်သားတွေက စီးပွါးရေးကြပ်တည်းနေကြပေမယ့် အလှူအတန်းတွေကိုတော့ အမြဲလုပ်ဆောင်ပြီး သဒ္ဓါတရားထက်သန်နေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ပြည်သူလူထုက ဒီကာလမှာ မိမိတတ်နိုင်တဲ့နေရာကနေ တာဝန်ကျေပွန်နေကြတဲ့သူရဲကောင်းတွေကိုလည်း အမြဲအားပေးပြီး လိုအပ်တဲ့အကူအညီတွေပေးနေကြတာဖြစ်ပါတယ်။တချို့ပြည်သူတွေကတော့ သူရဲကောင်းတွေရဲ့လေးစားစရာပုံရိပ်တွေကိုသမိုင်းတွင်ကျန်ရစ်နေအောင် ပုံလေးတွေဆွဲပြီး ဂုဏ်ပြုမှတ်တမ်းတင်ထားကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ချစ်စရာကာတွန်းပုံလေးတွေကို ပြည်သူတွေကလည်းအမှတ်တရအနေနဲ့သိမ်းထားကြတာဖြစ်ပါတယ်။ပြည်သူတွေရဲ့တက်ကြွတဲ့အားမာန်နဲ့ ရဲစွမ်းသတ္တိပြည့်ဝပုံတွေကလည်း နောင်တစ်ချိန်မှာ သမိုင်းတွင်ကျန်ရစ်နေမှာဖြစ်ပါတယ်။လက်ရှိအခြေအနေအတွက် ပြည်သူတိုင်းက စွန့်လွှတ်အနစ်နာခံရဲတဲ့စိတ်နဲ့ အများအကျိုးကိုသယ်ပိုးဆောင်ရွက်နေကြတာကြောင့် လေးစားစရာကောင်းတဲ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T