ယနေ့မနက်ခင်းမှာ ဆိုင်ကယ်များနဲ့ချီတက်လာပြီး စည်းစည်းလုံးလုံးနဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကေတုမတီတောင်ငူမြို့မှ ပြည်သူများ

//s9.kh1.co/2f/2f87270f503d49498fbadc1806ecc53a7e3d5744.jpeg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ယနေ့မနက်ခင်းမှာ ဆိုင်ကယ်များနဲ့ချီတက်လာပြီး စည်းစည်းလုံးလုံးနဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကေတုမတီတောင်ငူမြို့မှ ပြည်သူများ

တစ်ရက်ပြီးတစ်ရက်ကြာမြင့်လာပြီဖြစ်တဲ့ လက်ရှိအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်း ဇွဲမလျော့ကြသေးဘဲ အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။မြို့နယ်အသီးသီးမှာနေထိုင်ကြတဲ့ပြည်သူတွေကတော့ အရမ်းစည်းလုံးညီညွတ်ကြပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း မြို့နယ်တိုင်းက ပြည်သူတွေက အသက်အန္တရာယ်ကိုဘေးချိတ်ပြီး လမ်းပေါ်ထွက်ကာချီတက်လာကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေကြပေမယ့် ပြည်သူတွေကတော့ အချင်းချင်းကူညီဖေးမပြီးအခက်အခဲမျိုးစုံကိုကျော်လွှားနေကြတာဖြစ်ပါတယ်။ဒီနေ့ ဧပြီလ(၂၄)ရက် မနက်ခင်းပိုင်းမှာဆိုရင်လည်း ကေတုမတီတောင်ငူမြို့မှာ နေထိုင်ကြတဲ့ပြည်သူတွေက ဆိုင်ကယ်တွေနဲ့လမ်းပေါ်ထွက်လာပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။တောင်ငူမြို့နေပြည်သူတွေကတော့ ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ကြပြီး လက်သုံးချောင်းထောင်ကာတက်တက်ကြွကြွချီတက်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကလည်း ခိုင်မာတဲ့စိတ်ဓာတ်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဘယ်အချိန်၊ဘယ်နေရာမဆို အားအင်အပြည့်နဲ့ရင်ဆိုင်နေကြတာဖြစ်ပါတယ်။တောင်ငူမြို့နေပြည်သူတွေကလည်း မိမိတို့ယုံကြည်ရာတစ်ခုအတွက် လမ်းပေါ်ထွက်လာပြီး လူထုလှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ လက်ရှိအခြေအနေကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နေကြတဲ့ တောင်ငူမြို့ကပြည်သူတွေရဲ့လေးစားစရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T