စိတ်အခြေအနေသိပ်မမှန်တဲ့သားလေးကို အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း စျေးရောင်းပြီးရှာဖွေကျွေးမွေးနေတဲ့ အဘွားအိုတစ်ဦး

//s9.kh1.co/7a/7a04751bf5f1cd371128f293f7b148de6a372cf4.jpeg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စိတ်အခြေအနေသိပ်မမှန်တဲ့သားလေးကို အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း စျေးရောင်းပြီးရှာဖွေကျွေးမွေးနေတဲ့ အဘွားအိုတစ်ဦး

ပြည်သူလူထုကတော့ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတချို့အတွက်လည်း စားဝတ်နေရေးအဆင်ပြေအောင်လို့ အကူအညီတွေပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာဆိုရင် လူတိုင်းနီးပါး ခက်ခဲကြပ်တည်းနေကြပြီး စီးပွါးရေးတွေလည်း သိပ်အဆင်မပြေကြတာဖြစ်ပါတယ်။ဒါပေမယ့်လည်း “ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ”ဆိုသလို ပြည်သူအချင်းချင်းရိုင်းပင်ကူညီကြလို့ ဒီနေ့၊ဒီအချိန်ထိ တောင်ခံနေနိုင်ကြတာပဲဖြစ်ပါတယ်။ပြည်သူတွေကလည်းဘယ်သူ့ကိုမဆို မေတ္တာတရားရှေ့ထားပြီး ရိုးသားစွာနဲ့ကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပြည်သူတစ်ဦးက ပူပြင်းတဲ့ရာသီဥတုအခြေအနေမှာတောင် ယပ်လေးခက်ပြီးစျေးရောင်းနေတဲ့အဘွားအိုကိုတွေ့လို့ တတ်နိုင်သလောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။အဘွားကတော့ တောင်ဥက္ကလာပမြို့နယ်၊နန္ဒဝန်စျေးမှာ ဝက်ဆီဖက်ရောင်းနေတာဖြစ်ပါတယ်။အဘွားရဲ့သားလေးကလည်း စိတ်အခြေအနေသိပ်မမှန်တာကြောင့် အဘွားကပဲရှာဖွေကျွေးမွေးနေရတယ်လို့ သိရပါတယ်။ဒါ့အပြင်လည်း အဘွားက ရင်သားကင်ဆာဖြစ်လို့ရင်ဘက်တစ်ဖက်ကိုဖြတ်ထားရသေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားကတော့ အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း မိသားစုဝမ်းရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။စေတနာရှင်ပြည်သူတစ်ဦးကလည်း အဘွားရောင်းတဲ့ဝက်ဆီဖက်လေးတွေကို ဝယ်ယူအားပေးပြီး (၁၀၀၀၀)ထပ်ကန်တော့ခဲ့သေးတာဖြစ်ပါတယ်။အခုလိုအချိန်မှာ လမ်းပေါ်ထွက်ပြီး စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့အဘွားကို တောင်ဥက္ကာလပမြို့နယ်၊နန္ဒဝန်စျေးရောက်ခဲ့ရင် တတ်နိုင်သလောက်ကူညီပေးကြဖို့အတွက် တိုက်တွန်းနှိုးဆော်ရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T