အခက်အခဲ အတားအဆီးတွေကြားကနေ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို အောင်မြင်စွာဖော်ထုတ်ပြသနိုင်ခဲ့တဲ့ မန္တလေးမြို့က ကျန်းမာရေးမိသားစု

//s9.kh1.co/4b/4bd5c251c88773b42d312bbdda693ed5c04b014e.jpg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အခက်အခဲ အတားအဆီးတွေကြားကနေ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို အောင်မြင်စွာဖော်ထုတ်ပြသနိုင်ခဲ့တဲ့ မန္တလေးမြို့က ကျန်းမာရေးမိသားစု

ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေပြီး နေ့ညမရွေး ပါဝင်လှုပ်ရှားဖို့အတွက် အမြဲတမ်း တက်ကြွနေကြတာပဲ ဖြစ်ပါတယ် ။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေက ရရာနည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်ကြသလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်း သူတို့နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးအားထုတ်ပေးနေကြတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း ရန်ကုန်မြို့မှာရော မန္တလေးမြို့မှာပါ လူထုလှုပ်ရှားမှုပွဲတွေ ထပ်မံပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1

မန္တလေးမြို့မှာရှိတဲ့ ကျန်းမာရေးမိသားစုက လမ်းပေါ်ကို ရဲရဲဝင့်ဝင့်ထွက်ပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ကြွေးကြွော်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အမျိုးသမီးငယ်လေးတွေနဲ့ အမျိုးသားငယ်လေးတွေက "ကျန်းမာရေးမိသားစု မန္တလေး" ဆိုတဲ့ အလံကိုကိုင်ဆောင်ပြီး ရှေ့ဆုံးကနေ ဆန္ဒဖော်ထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ တစ်ချို့က လမ်းလျှောက်ရင်း လူထုလှုပ်ရှားမှုပြုလုပ်ကြသလို တစ်ချို့ကလည်း ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1

ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ လုံးဝနောက်မဆုတ်ဘဲ ကြိုးစားပေးနေကြတဲ့ လူငယ်တွေကို ပြည်သူတွေကလည်း ဘေးကနေ အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အားလုံးရဲ့စည်းလုံးညီညွတ်မှုကြောင့် ဧပြီလ (၂၃)ရက်နေ့မှာပြုလုပ်တဲ့ ကျန်းမာရေးမိသားစုရဲ့ဆန္ဒထုတ်ဖော်ပွဲကတော့ အခက်အခဲ၊အတားအဆီးတွေကြားကနေ အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် မန္တလေးမြို့က လူငယ်တွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-SH1

Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Photo Credit-SH1
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T