ငါ့မြေးတို့နဲ့အတူရှိမယ်ဆိုပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်လေးတွေအတွက် စိတ်ခွန်အားတွေပေးခဲ့ကြတဲ့ အဘိုးအဘွားများ

//s9.kh1.co/85/85bfea06acb7a9f64951869590f4a5d80bd5f9f1.jpg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ငါ့မြေးတို့နဲ့အတူရှိမယ်ဆိုပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်လေးတွေအတွက် စိတ်ခွန်အားတွေပေးခဲ့ကြတဲ့ အဘိုးအဘွားများ

မြန်မာတစ်နိုင်ငံလုံးမှာ ပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်နေကြတာ ဖြစ်ပါတယ် ။ သွက်လက်တက်ကြွကြတဲ့ လူငယ်တွေက ရှေ့ဆုံးကနေ ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက် အမြဲဦးဆောင်နေကြသလို လူကြီးတွေကလည်း အနောက်ကနေ ဖေးမကူညီပေးနေတာ ဖြစ်ပါတယ် ။ လူငယ်တွေနဲ့ လူကြီးတွေကြားမှာလည်း နားလည်မှုတွေယူပြီး ညှိနှိုင်းဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ရန်ကုန်မြို့မှာရှိတဲ့ လူငယ်တစ်ချို့က သူတို့ကိုအားပေးကူညီဖို့နဲ့ မှားတာရှိရင် သွန်သင်ဆုံးမပြီး လမ်းပြပေးဖို့အတွက် လူကြီးတွေဆီမှာ ဒူးထောက်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အခုလည်း မွန်ပြည်နယ်က အဘိုးအဘွားတွေက ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တွေကို အားပေးထားတာ ဖြစ်ပါတယ် ။ အဘိုးအဘွားတွေက လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေနိုင်မယ့် အားပေးစကားတွေကို ရေးသားပြီး သူတို့ရဲ့မေတ္တာကို ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဘိုးအဘွားတွေက "ငါ့မြေးတို့နဲ့အတူရှိနေမယ်၊ အခုအချိန်အထိ ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်၊ အားတင်းထားပါ" ဆိုတဲ့ အားပေးစကားတွေကို ရေးသားပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပေးနေကြတဲ့ အဘိုးအဘွားတွေကတော့ တကယ့်ကို လေးစားချစ်ခင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေဘက်ကနေ ရပ်တည်ပေးခဲ့တဲ့ မွန်ပြည်နယ်က အဘိုးအဘွားတွေရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T