မြို့နယ် အသီးသီးက ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဧပြီလ ၂၄ ရက်နေ့ မြန်မာ့ရေးရာသတင်းများ

//s9.kh1.co/74/744f2a3f806872597957eb0fb5d3550fdbba6759.jpg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မှာတော့ မန္တလေးမှာ သံဃာတော်တွေ ဆန္ဒထုတ်ဖော်နေတဲ့ ပုံရိပ်တွေဟာ twitter ပေါ်ထိပျံ့နှံ့လာတာကို တွေ့ရပါတယ်။

ပျံ့နှံ့လာတဲ့ ပုံတွေအရတော့ သံဃာတော်တွေများစွာ ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ သာသနာ့အလံကိုလွှင့်ထူကာ ငြိမ်ချမ်းစွာဆန္ဒပြနေကြပါသည် ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c8/c815d6648ee297a90cc4f8e0be4d48abb286ba6c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a0/a0f4dabe6c997586c72c719d62acb587dd3e4182.jpg

နောက်ထပ်အနေနဲ့ကတော့ တက္ကသိုလ်ကျောင်းသားတွေများစွာ ပါဝင်တဲ့ သပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့အတွင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ဒီက​နေ့မှာ​ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိသလို မြန်မာနိုင်ငံအတွင်းက မြို့တော်တော်များများမှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=587,q=100/d1/d189fb87bfacd1194eb0d3a60caf6f8fdb11ae47.jpg
https://s9.kh1.co/__image/w=650,h=418,q=100/22/226eae1ae22fe9839b84c8f4e833209b40f8e91f.jpg
https://s9.kh1.co/__image/w=650,h=591,q=100/64/641c32d124c9fdec75bc170c9775e95b34ab8ec0.jpg

နောက်ထပ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က ပြည်သူတွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဘက်က ရပ်တည်ပြီး ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ပေးခဲ့တဲ့ သတင်းကလည်း twitter ပေါ်ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ မိမိတို့နဲ့ တစ်သားတည်းရပ်တည်ပေးတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားနေကြတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=424,q=100/8d/8da82dabfd96cffc6f82632be361fdb88eb0ea48.jpg
https://s9.kh1.co/__image/w=650,h=614,q=100/94/941780e677d788d291366b859bb77ccf537a45ce.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T