ပူပြင်းတဲ့နေအပူရှိန်အောက်မှာ မြန်မာ့အရေးအတွက် ဆန္ဒထုတ်ဖော်ကြရင်း ဖမ်းဆီးခံခဲ့ရတဲ့ အင်ဒိုနီးရှားပြည်သူတချို့

//s9.kh1.co/e4/e46b87b10358c55c9ec87797be076f250a92ed79.jpeg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

ပူပြင်းတဲ့နေအပူရှိန်အောက်မှာ မြန်မာ့အရေးအတွက် ဆန္ဒထုတ်ဖော်ကြရင်း ဖမ်းဆီးခံခဲ့ရတဲ့ အင်ဒိုနီးရှားပြည်သူတချို့

မြန်မာပြည်သူ၊ပြည်သားတွေကတော့ အခက်အခဲမျိုးစုံကိုရင်ဆိုင်ပြီး ရင်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင်လက်ရှိအခြေအနေကိုကျော်ဖြတ်နေကြတာပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကို ပြည်ပနိုင်ငံတွေလည်း သိမြင်အောင်လို့ ပြည်သူတွေကနည်းလမ်းအမျိုးမျိုးနဲ့ချပြနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တချို့နိုင်ငံတွေမှ ပြည်သူတွေက မြန်မာလူမျိုးတွေနဲ့အတူပူးပေါင်းပါဝင်ပြီး မြန်မာ့အရေးအတွက် တစ်ထောင့်တစ်နေရာကနေအားဖြည့်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေနဲ့ ပြည်ပရောက်မြန်မာလူမျိုးတွေကလည်း အပြန်အလှန်ဖေးမကူညီကြပြီး တစ်စိတ်တစ်ဝမ်းတည်းရှိနေကြတာဖြစ်ပါတယ်။ဒီနေ့ ဧပြီလ(၂၄) ရက်နေ့ မနက်ပိုင်းမှာဆိုရင်လည်း အင်ဒိုနီးရှားပြည်သူတွေက အာဆီယံရုံးရှေ့ကိုသွားပြီး မြန်မာ့အရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အင်ဒိုနီးရှားပြည်သူတွေကတော့ သူတို့ရဲ့ဥပုသ်လမှာတောင် မြန်မာပြည်သူလူထုဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အင်ဒိုနီးရှားပြည်သူတွေကတော့ ပူပြင်းတဲ့နေအပူရှိန်အောက်မှာ သူတို့ရဲ့ ရေမသောက်၊တစ်နေကုန်အစားမစားရတဲ့ဥပုသ်ကို ဆောက်တည်ရင်း မြန်မာလူမျိုးတွေကို ကူညီခဲ့တာဖြစ်ပါတယ်။ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ အင်ဒိုနီးရှားပြည်သူတချို့လည်း ဖမ်းဆီးခံခဲ့ရတာကြောင့် မြန်မာပြည်သူလူထုက သူတို့အတွက်စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။အင်ဒိုနီးရှားပြည်သူတွေကလည်း မြန်မာပြည်သူတွေရဲ့အခက်အခဲကို ကိုယ်ချင်းစာပေးကြပြီး တတ်နိုင်သလောက်ဝန်းရံပေးခဲ့ကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T