လူထုလှုပ်ရှားမှုပြုလုပ်နေချိန်မှာ ဖြိုခွင်းခံခဲ့ရတာကြောင့် ထွက်ပြေးတိမ်းရှောင်းရင်းနဲ့ပဲ ရေနစ်ဆုံးပါးသွားခဲ့ရတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/bc/bcd9f6ced8baffeefb8d52d7556d1975fe27bae4.jpg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုပြုလုပ်နေချိန်မှာ ဖြိုခွင်းခံခဲ့ရတာကြောင့် ထွက်ပြေးတိမ်းရှောင်းရင်းနဲ့ပဲ ရေနစ်ဆုံးပါးသွားခဲ့ရတဲ့ လူငယ်လေးတစ်ဦး

လက်ရှိကာလအတွင်းမှာပဲ ကျဆုံးသွားတဲ့ ပြည်သူပေါင်း (၇၀၀) ကျော်တောင်ရှိလာခဲ့ပြီဖြစ်တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပြည်သူတွေက ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ရည်စူးပြီး ဆုတောင်းပွဲတွေကို အဆက်မပြတ်ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ လူငယ်လေးတစ်ဦးရဲ့သတင်းက ဝမ်းနည်းကြေကွဲစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ ပြီးခဲ့တဲ့ ဧပြီလ (၂၂)ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာပြုလုပ်တဲ့ အရုဏ်ဦးသပိတ်မှာ ပါဝင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်နေရင်းနဲ့ လူစုခွဲဖြိုခွင်းခံခဲ့ရတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ပဲ ရေနစ်ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ် ။ လွတ်မြောက်ချင်တဲ့စိတ်နဲ့ ရေထဲခုန်ချပြီး ထွက်ပြေးခဲ့ပေမယ့်လည်း ကံမကောင်းခဲ့တဲ့ ဒီလူငယ်လေးကတော့ အသက်ငယ်ငယ်လေးနဲ့ပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီလူငယ်လေးရဲ့သတင်းကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ဧပြီလ (၂၄) ရက်နေ့၊ နေ့လည်မှာပဲ သင်္ဂြိုဟ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ကိုယ့်နိုင်ငံအတွက် တာဝန်ကျေပွန်ချင်တဲ့စိတ်အပြည့်ရှိပြီး နောက်ဆုံးအချိန်အထိ တစ်တပ်တစ်အား ပါဝင်ပေးခဲ့တဲ့ ဒီလူငယ်လေးရဲ့စိတ်ဓာတ်ကိုလည်း ပြည်သူတွေက လေးစားနေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T