ဆိုင်းဘုတ်တွေကိုယ်စီကိုင်ပြီး ကားလမ်းမဘေးမှာ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တောင်းဆိုပေးခဲ့ကြတဲ့ ဟာဝိုင်အီကျွန်းသူကျွန်းသားတွေရဲ့ဗီဒီယို

//s9.kh1.co/8a/8aaea68550286026c8efbb4b9667d4fac1651ae4.jpg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဆိုင်းဘုတ်တွေကိုယ်စီကိုင်ပြီး ကားလမ်းမဘေးမှာ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တောင်းဆိုပေးခဲ့ကြတဲ့ ဟာဝိုင်အီကျွန်းသူကျွန်းသားတွေရဲ့ဗီဒီယို

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အမြဲမပြတ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ဘဝကို စာနာနားလည်ပေးတဲ့ ပြည်ပနိုင်ငံတစ်ချို့ကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ် ။ ပြည်ပရောက်မြန်မာတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း သူတို့က မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-AI Farrar's FB Acc
Photo Credit-AI Farrar's FB Acc
Photo Credit-AI Farrar's FB Acc
Photo Credit-AI Farrar's FB Acc

ကိုရီးယားမှာဆိုရင် လူငယ်ကျောင်းသားလေးတွေက မြန်မာနိုင်ငံကပြည်သူအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို စဥ်းစားကြံဆပြီး ကူညီပေးခဲ့တာ ဖြစ်ပါတယ် ။ သြစတေးလျနိုင်ငံမှာဆိုရင်လည်း ကျောင်းသားတွေက မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းမှာရှိတဲ့ ပြည်သူတွေက ပြည်ပရောက်မြန်မာတွေနဲ့အတူပူးပေါင်းပြီး လမ်းပေါ်ထွက်ကာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-AI Farrar's FB Acc
Photo Credit-AI Farrar's FB Acc
Photo Credit-AI Farrar's FB Acc
Photo Credit-AI Farrar's FB Acc

ဟာဝိုင်အီကျွန်းသူကျွန်းသားတွေကတော့ ဆိုင်းဘုတ်တွေကိုယ်စီကိုင်ပြီး ကားလမ်းမဘေးမှာ မတ်တပ်ရပ်ကာ မြန်မာနိုင်ငံအတွက် တောင်းဆိုပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ လူကြီးတွေသာမက ကလေးငယ်လေးတွေကပါ မြန်မာနိုင်ငံက ပြည်သူတွေကို အားပေးကူညီဖို့အတွက် စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ် ။ မြန်မာပြည်သူတွေအတွက် သူတို့တတ်နိုင်တဲ့ဘက်ကနေ တောင်းဆိုပေးခဲ့ကြတဲ့ ဟာဝိုင်အီကျွန်းက ပြည်သူတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-AI Farrar's FB Acc

Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T