၇ရက်သားသမီးအလှူရှင်တွေနဲ့အတူ စာသင်ကျောင်းဆောက်လုပ်လှူဒါန်းနေတဲ့ ထူးအယ်လင်းရဲ့ ဗီဒီယို

//s9.kh1.co/60/60d62574b9ebc989d3ba513d8c9ee874d91c1f42.jpg
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတလောကမှာ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေ သီဆိုတတ်မှုတွေကြောင့် အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ အဆိုတော်ထူးအယ်လင်းကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေမှာ လိုအပ်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေသလို ပရဟိတအလုပ်တွေကိုလည်း အားကြိုးမာန်တတ်နဲ့ အင်တိုက်အားတိုက်ပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

ထူးအယ်လင်းကတော့ လတ်တလောမှာလည်း ၇ရက်သားသမီးပြည်သူတွေနဲ့အတူ စာသင်ကျောင်းဆောက်လုပ်လှူဒါန်းပြီး လိုအပ်နေတဲ့နေရာတွေမှာ လိုအပ်သလိုဖြည့်ဆည်းကာ ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။

ခုနှစ်ရက်သားသမီး အလှူရှင်တွေစုပေါင်းအင်အားနဲ့ ပေ ၃၀/ပေ ၆၀ တွဲဘက်မူလတန်းကျောင်း ဆောက်လုပ်လှူဒါန်းနေတာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဗီဒီယိုဖိုင်နဲ့အတူ ပရိသတ်တွေကိုဝေမျှထားပါသေးတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

"ခုလို အလှုပြုရလို့ စိတ်ချမ်းသာပါတယ်...

ကျေးဇူးတင်ပါတယ်ဗျ?

နတ် လူ ဘီလူး ကုသိုလ်အမျှရကြပါစေ ?.." ဆိုပြီး အလှူဗီဒီယိုဖိုင်ကို မျှဝေထားတာ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ စာသင်ကျောင်းလေးကို ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ ထူးအယ်လင်းနဲ့အလှူရှင်တွေရဲ့ အလှူကုသိုလ်တွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc
Photo Credit - Htoo El Lynn's Fb Acc

သတင်း အရင်းအမြစ်Htoo El Lynn's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T