အစစအရာရာခက်ခဲကြပ်တည်းနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်နဲ့အခြားလိုအပ်တာတွေ ကူညီလှူဒါန်းဖို့တိုက်တွန်းလိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/97/97c5d31b04189aa46a0e09a81b719543a6571f06.jpg
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို အကယ်ဒမီထူးချွန်ဆုတွေကိုပါ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသားကြီးဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူပါ..။

ဝေဠုကျော်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်နဲ့ အခြားလိုအပ်တာတွေကိုလည်း ကူညီလှူဒါန်းနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

ဝေဠုကျော်ကတော့ စားဝတ်နေရေးကြပ်တည်းနေကြတဲ့ ပြည်သူတွေအပြင် အမိုးအကာတွေမလုံခြုံတဲ့ နေအိမ်တွေအတွက်လည်း အလှူရှင်တွေကိုယ်စား မိသားစု ၂၀၀၀ နီးပါး အတွက် လှူဒါန်းပြီးနေပြီ ဖြစ်ပါတယ်..။

အလုပ်အကိုင်နည်းပါးနေတဲ့ အခုလိုအချိန်မှာ ပြည်သူတွေအနေနဲ့ တော်တော်လေးကြပ်တည်းနေကြပြီး နောက်ထပ် မိသားစု ၁၀၀၀ အတွက် စားသောက်ကုန်၊ လူသုံးကုန်နဲ့ အမိုးအကာတွေ ကူညီလှူဒါန်းပေးဖို့အတွက်ကိုလည်း အလှူရှင်တွေကို တိုက်တွန်းပြောပြထားပါသေးတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"25-4-2021

ကပ်ရောဂါကာလနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြား အလုပ်ရုံ စက်ရုံ တော်တော်များများ ပိတ်ကြတော့ အခြေခံ လူတန်းစားတွေ စားဝတ်နေရေး တော်တော်ကြပ်တည်းကြပါတယ်..

အစားအစာအတွက် အလှူရှင်တွေရဲ့ အလှူနဲ့ အသက်ဆက်နေကြရသလို မိုးရာသီရောက်ခါနီးတာတောင် တချို့အိမ်တော်တော်များများ အမိုးအကာတွေ လုံခြုံအောင် မမိုးမကာနိုင်ကြသေးပါဘူး။

အလှူရှင်များကိုယ်စား ဖောင်ဒေးရှင်းမှ လှူလာတာလည်း မိသားစု ၂၀၀၀ပြည့်ခါနီးပါပြီ။ နောက်ထပ် မိသားစု ၁၀၀၀ အတွက် ထပ်ပေးလှူထောက်ပံ့နိုင်ရန် စေတနာအလှူရှင်များမှ ဆန် ဆီ စားသောက်ကုန် လူသုံးကုန် အမိုးအကာ များအတွက် ဝိုင်းဝန်းကူညီပေးကြပါဦးလို့ အလှူခံပါရစေ။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K Pay)(U Soe Thein)

09455500014

09776089484(Wave). ." ဆိုပြီး ရေးသားပြောပြကာ တိုက်တွန်းထားတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T