လမ်းမတွေပေါ်မှာ ဖျော်ဖြေတဲ့ လူငယ်တစ်ဦးဖမ်းဆီးခံရတဲ့ သတင်းအပါအဝင် မြန်မာ့ရေးရာသတင်းများ

//s9.kh1.co/a6/a6ddab69b27861bb8fe55bcebcbbbdfe2bf27972.jpg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာဆိုရင်တော့ မြန်မာနိုင်ငံ အတွင်းက နေရာတော်တော်များများမှာ ဆန္ဒထုတ်ဖော်တဲ့ သပိတ်တွေ များစွာပြန်လည်ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။

မန္တလေးမှာဆိုရင်လည်း မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းအပြင် အခြားသော သပိတ်စစ်ကြောင်းတွေလည်း လမ်းပေါ်ပြန်ထွက်ပြီး ဆန္ဒ ထုတ်ဖော်တဲ့ သတင်းနဲ့ ပုံတွေဟာ twitter ပေါ်မှာလည်း ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=446,q=100/22/22087e763160987fa4c0bee46ab34d4c512234f6.jpg
https://s9.kh1.co/__image/w=650,h=611,q=100/2e/2e811270568d95fd00b02e74e1df1f5859c26b85.jpg

ရန်ကုန်တိုင်း အတွင်းက မြို့နယ်တော်တော်များများမှာ ဆိုရင်လည်း ဒီကနေ့ မနက်ပိုင်းကနေ မွန်းလွဲပိုင်းလောက်အထိ ပြောက်ကျားသပိတ်တွေ ထွက်ရှိနေတာကို တွေ့ရပါတယ်။

ပြင်ဦးလွင်မှာဆိုရင်လည်း ဒီကနေ့မနက်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း ဒီကနေ့မှာ NUG ထောက်ခံကြောင်း ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ သတင်းတွေဟာလည်း twitter ပေါ်မှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/fe/fe1b7dd2ae5fd5999433d08e1eafc31c7668a3fc.jpg
https://s9.kh1.co/__image/w=650,h=601,q=100/7f/7f83433bed71a894c7a9ac37e8fd58061fec365d.jpg
https://s9.kh1.co/__image/w=650,h=489,q=100/dc/dc2bae8e583ed60863d150b7986c1070ac3155ba.jpg

နောက်ဆုံးအနေနဲ့ ဒီကနေ့ ညနေ ၅ နာရီကျော်လောက်က လမ်းမပေါ်မှာ သီချင်းဆိုရင်း busking ပြုလုပ်တဲ့ ရိုးရိုးမြင့်ဆွေ ဟာThingangyun

မြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းတွေလည်း twitter ပေါ်မှာပျံ့နေတာကို တွေ့ရပါတယ်။

ရိုးရိုးမြင့်ဆွေဟာ ဖျော်ဖြေနေစဥ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဖို့လာပြောတဲ့အတွက် ပစ္စည်းတွေ သိမ်းနေချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/33/332ba69689b82df42e28c7538d1f2cc286f5bd37.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T