တစ်ဖက်ပြတ်ဖိနပ်ကို ခါးကြားထိုးပြီး ခြေတစ်ဖက်ဗလာနဲ့ သပိတ်စစ်ကြောင်းအဆုံးထိလိုက်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးလေးကြီး

//s9.kh1.co/39/392c809adea637c39c8c53fe9ce0ce5103f5cee0.jpeg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တစ်ဖက်ပြတ်ဖိနပ်ကို ခါးကြားထိုးပြီး ခြေတစ်ဖက်ဗလာနဲ့ သပိတ်စစ်ကြောင်းအဆုံးထိလိုက်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးလေးကြီး

ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလကတည်းကလုပ်ဆောင်လာခဲ့ကြတာ ယခုအချိန်ထိပဲဖြစ်ပါတယ်။အခုရက်ပိုင်းမှာဆိုရင် မြို့နယ်တိုင်းနီးပါးမှာ ရာချီ၊ထောင်ချီတဲ့ လူအုပ်ကြီးက လမ်းပေါ်ထွက်လာကြပြီး စည်းစည်းလုံးလုံးနဲ့ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ တစ်ခုခုဆိုအရမ်းညီညွတ်ကြပြီးကြုံတွေ့လာရတဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်သူတွေကအချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး အင်အားအပြည့်ရှိနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဧပြီလ(၂၄)ရက်နေ့ကဆိုရင်လည်း မြို့နယ်အသီးသီးမှာနေထိုင်ကြတဲ့ လူပေါင်းများစွာက တညီတညွတ်တည်းလမ်းပေါ်ထွက်လာကြတာဖြစ်ပါတယ်။ရှမ်းပြည်နယ်၊သီပေါမြို့မှာ နေထိုင်ကြတဲ့ ပြည်သူလူထုကလည်း အန္တရာယ်တွေကြားထဲကနေ လူထုလှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလူထုလှုပ်ရှားမှုမှာဆိုရင် အသက်(၅၀)ဝန်းကျင်ရှိတဲ့ဦးလေးကြီးတစ်ယောက်က တက်တက်ကြွကြွနဲ့ သပိတ်စစ်ကြောင်းအဆုံးထိလိုက်လာခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး Gen Xတစ်ယောက်က လူငယ်တွေနဲ့အတူ ပူပေါင်းပါဝင်ပေးလို့ ပြည်သူတွေကလည်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဦးလေးကြီးက လမ်းလျှောက်ရင်းနဲ့ဖိိနပ်တစ်ဖက်ပြတ်သွားလို့ ခါးကြားမှာထိုးပြီး ခြေတစ်ဖက်ဗလာနဲ့ပဲ ဆက်လျှောက်လာခဲ့တာဖြစ်ပါတယ်။ဒီလိုပူပြင်းနေတဲ့နေအပူရှိန်အောက်မှာတောင် ဖိနပ်တစ်ဖက်မပါဘဲ ဆန္ဒထုတ်ဖော်နေတဲ့ဦးလေးကြီးရဲ့စိတ်ဓာတ်ကိုလေးစားလို့ ပြည်သူတချို့က အမှတ်တရဓာတ်ပုံရိုက်ထားပြီး လူမှုကွန်ယက်စာမျက်နှာပါ်မှာတင်ပေးလာတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ဖိနပ်ခါးကြားထိုးထားတဲ့ဦးလေးကြီးရဲ့ပုံလေးကိုShareပြီး ကျေးဇူးတင်နေကြတာဖြစ်လို့ ဒီအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T