မြန်မာပြည်သူတွေခံစားနေရတာကို စာလေးတွေနဲ့အားပေးစကားပြောပြီး တစ်သားတည်းရပ်တည်ပေးခဲ့ကြတဲ့နိုင်ငံခြားသားတချို့

//s9.kh1.co/db/db7a97a25212695a8772cde5486b2455182d3bc0.jpeg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မြန်မာပြည်သူတွေခံစားနေရတာကို စာလေးတွေနဲ့အားပေးစကားပြောပြီး တစ်သားတည်းရပ်တည်ပေးခဲ့ကြတဲ့နိုင်ငံခြားသားတချို့

လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေကြောင့် နာကျင်ခံစားနေရတဲ့ မြန်မာပြည်သူ၊ပြည်သားတွေအတွက်လည်းနိုင်ငံခြားသားတချို့က ကိုယ်ချင်းစာနာပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း နိုင်ငံတကာမှပြည်သူတချို့က မြန်မာ့အရေးကိစ္စမှာ ပြည်ပရောက်မြန်မာလူမျိုးတွေနဲ့အတူ ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်းဂျာမနီ၊ဗြိတိန်၊ပီရူး၊ရှရှား၊ပေါ်တူဂီ၊ဖိလစ်ပိုင်၊ပြင်သစ်၊အီတလီနဲ့ ဂျပန်နိုင်ငံများမှ နိုင်ငံခြားသားတချို့က မြန်မာပြည်သူတွေအတွက် စာလေးတွေရေးပြီး အားပေးစကားပြောခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူတို့ရေးထားတဲ့စာထဲမှာဆိုရင် “ငြိမ်းချမ်းပါစေမြန်မာပြည်””မြန်မာသူရဲကောင်းပြည်သူများကို လေးစားပါတယ်””မြန်မာပြည်သူဘက်မှာ ကျွန်မရပ်တည်ပါတယ်”အားတင်းထားပါ ရွှေမြန်မာ” စတဲ့ မြန်မာစာသားလေးတွေကို ရေးသားထားကြတာဖြစ်ပါတယ်။မြန်မာပြည်သူတွေကလည်း အခုလိုမျိုး အားပေးစကားလေးတွေနဲ့တစ်တပ်တစ်အားရပ်တည်ပေးကြလို့ အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ပြည်ပရောက်နေကြတဲ့ မြန်မာလူမျိုးတွေကိုလည်း နိုင်ငံခြားသားတွေက အားပေးနှစ်သိမ့်ပြီး တတ်နိုင်သလောက်ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကတော့  ဧပြီလကုန်ရင် (၃)လပြည့်တော့မှာဖြစ်ပေမယ့် ပြည်သူလူထုက ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ဆက်လက်ချီတက်နေကြဆဲဖြစ်ပါတယ်။အခုလိုမျိုး နိုင်ငံခြားသားတွေကပါ အားပေးနေကြတာကြောင့်မြန်မာပြည်သူတွေကလည်း ခွန်အားအပြည့်နဲ့ အကောင်းဆုံးအခြေအနေဖြစ်အောင်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေရင်ဆိုင်နေရတဲ့ အခက်အခဲကို နိုင်ငံခြားသားတွေကပါ အတူတူရပ်တည်ပေးနေကြတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T