မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။ပြည်ပရောက်မြန်မာလူမျိုးတွေကအလှူငွေတွေလည်းထည့်ဝင်ကြပြီး လိုအပ်တဲ့နေရာတွေအတွက် တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။လန်ဒန်၊ဂျပန်၊ကိုရီးယား၊စင်ကာပူ၊ဩစတေးလျ စတဲ့နိုင်ငံတွေကိုရောက်ရှိနေတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေက အားတဲ့အချိန်တွေမှာ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြသေးတာဖြစ်ပါတယ်။
အခုလိုအခြေအနေမှာ ပြည်ပရောက်နေပေမယ့်လည်း ပြည်တွင်းကမြန်မာပြည်သူ၊ပြည်သားတွေနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရှိနေပေးကြတာဖြစ်ပါတယ်။လန်ဒန်မြို့မှာရောက်ရှိနေကြတဲ့ မြန်မာကျောင်းသား(၃)ယောက်ကတော့ ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံနားရှိ Westminster တံတားပေါ်မှာအစာငတ်ခံပြီး ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။မြန်မာကျောင်းသားသုံးယောက်က တံတားပေါ်မှာ ဆိုင်းဘုတ်လေးတွေနဲ့အတူထိုင်နေကာ ဧပြီလ(၂၄) ရက်နေ့မှစတင်ပြီး (၃)ရက်ကြာသည့်အထိ အစာငတ်ခံကြမှာဖြစ်ပါတယ်။
မြန်မာကျောင်းသားတွေက ယခုမြန်မာ့အရေးကြောင့် တိုင်းပြည်ပြန်ရန်ခက်ခဲနေတဲ့ မြန်မာနိုင်ငံသားများကို ယာယီကာကွယ်ရေးဗီဇာအနေနဲ့ ဗီဇာတ်သက်တမ်းတိုးပေးဖို့အတွက် အစာငတ်ခံပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။တချို့နိုင်ငံတွေဆိုရင် အခုလိုအချိန်မှာ အမိမြေကိုပြန်ဖို့ခက်ခဲနေကြတဲ့သူတွေကို နွေးနွေးထွေးထွေးနဲ့ကြည့်ရှု့စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။မြန်မာကျောင်းသား(၃)ယောက်ကတော့ မြန်မာ့အရေးအတွက်လည်း ယူကေအစိုးရကို ကြေငြာချက်ထုတ်ပေးဖို့တောင်းဆိုနေကြတဲ့ပုံရိပ်တွေကို လေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder