ယခုကာလမှာဆိုရင် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရှာဖွေနေရတာဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် လမ်းပေါ်ထွက်ရင် အန္တရာယ်ရှိမှန်းသိပေမယ့်လည်းfood riderတွေကတော့ အစားအသောက်ပို့တဲ့ဝန်ဆောင်မှုလေးကို လုပ်ဆောင်ပြီး မိသားစုစားဖို့သောက်ဖို့အတွက်ရုန်းကန်နေရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း Riderတွေဆီကနေ အစားအသောက်တွေမှာယူအားပေးကာ တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း Rider တစ်ယောက်က သင်္ကြန်ကာလအတွင်းမှာ မှာယူအားပေးကြတဲ့ Customers အများကြီးရှိခဲ့လို့ သူတို့မိသားစုအတွက်အဆင်ပြေခဲ့ပေမယ့် အခုနောက်ပိုင်းမှာယူမှုနည်းလာတာကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ကြုံနေရတဲ့အကြောင်းကို ရင်ဖွင့်လာတာဖြစ်ပါတယ်။Riderတစ်ဦးကတော့ ”ကျွန်တော်အလှူခံခြင်းမဟုတ်ပါခင်ဗျာ Orderလေးများမှာယူအားပေးကြဖို့ပြောခြင်းဖြစ်ပါသည်ခင်ဗျာ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
သူ့ရဲ့စာကြောင့် customerများ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာများဖြစ်ခဲ့ရင်လည်း အနူးအညွှတ်တောင်းပန်ထားသေးတာဖြစ်ပါတယ်။အစားအသောက်ဝန်ဆောင်မှု ပို့ပေးနိုင်တဲ့ မြို့နယ်လေးတွေကတော့ လှိုင်၊ကမာရွတ်၊စမ်းချောင်းမြို့နယ်တို့ပဲဖြစ်ပါတယ်။ဒီလိုကာလမှာ ခက်ခက်ခဲခဲနဲ့ မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့ Rider လေးကို မှာယူအားပေးချင်တယ်ဆိုရင်တော့ (09795544539)ကို ဆက်သွယ်လို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder