အလှူရှင်တွေကိုယ်စား အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို အခြေခံစားသောက်ကုန်များ သွား​ရောက်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/e8/e8de8f654c59ed93b7ae865325447bef0edaef3a.jpeg
အနုပညာရှင်များ

 ၂၆-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ပရဟိတအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကို အဆက်မပြတ်ပြုလုပ်နေတာပါ ။ ရပ်နီးရပ်ဝေးက စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေဆီကို အစားအသောက်တွေ ပေးဝေလှူဒါန်းကာ နေ့စဉ်နဲ့အမျှ လှူဒါန်းကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်။

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 

ဒီလိုကာလမှာဆိုရင် အကူအညီလိုအပ်နေသူတွေလည်း အများအပြားရှိနေပြီး ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း စားဝတ်နေရေးအရမ်းကြပ်တည်းနေတဲ့ လက်လုပ်လက်စား ပြည်သူတွေဆီကို အလှူရှင်တွေကိုယ်စား သွားရောက်ကာ ဆန် ၊ ဆီ အပါအဝင် လိုအပ်တဲ့ အခြား စားနပ်ရိက္ခာများ သွား​ရောက်လှူဒါန်းပေးခဲ့တာကိုတွေ့မြင်ရပါတယ်။ 

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 

ယနေ့ အလှူလေးနဲ့ပတ်သက်ပြီးလည်း " ရန်ကုန် မှ အလှူငွေ တစ်သိန်းကျပ် ကို နွမ်းပါးပြည်သူ စားနပ်ရိက္ခာ အလှူအတွက် လှူဒါန်းပေးပါတယ်။ လှူဒါန်းပေးမှုများအတွက် အလှူရှင်များအားဖောင်ဒေးရှင်းမှ အထူးကျေးဇူးတင် သာဓု ခေါ်ဆိုပါတယ် လှူဒါန်းရသော အလှူဒါနသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ် ပါစေ..ကောင်းမှုအစုစုကြောင့်...   ကောင်းကျိုးအရာရာလိုရာဆန္ဒ ပြည့်ဝ ပါစေ...လိုတိုင်းတ, ရနိူင် ပါစေ....အသက်ရှည်ကာ အနာမဲ့နိုင် ပါစေ...စိတ်၏ချမ်းသာခြင်း  ကိုယ်၏ကျမ်းမာခြင်း နှင့် ပြည့်စုံပါစေ ကပ်ရောဂါ အပေါင်းမှ ကင်းဝေးနိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ် "ဆိုပြီး အလှူရှင်တွေအတွက် ခုလိုဆုတောင်းစာလေးလည်းရေးသားဝေမျှထားပါသေးတယ်။

Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T