Rider တွေအတွက် ပို့ခကို အကြွေလောက်ပဲပေးတဲ့သူတွေရှိသလို စေတနာအမှန်နဲ့ ကူညီတဲ့သူတွေလည်းရှိကြောင်း ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/01/016dcc8756589e22a23330849ec2c41e585bef5a.jpg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Rider တွေအတွက် ပို့ခကို အကြွေလောက်ပဲပေးတဲ့သူတွေရှိသလို စေတနာအမှန်နဲ့ ကူညီတဲ့သူတွေလည်းရှိကြောင်း ပြောပြလာတဲ့ ပြည်သူတစ်ဦး

အခုချိန်မှာတော့ ပြည်သူတွေက တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီဖို့အတွက် လက်မနှေးကြသလို အချင်းချင်း ပူးပေါင်းဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ် ။ ဒုက္ခရောက်နေတဲ့သူကိုတွေ့ရင် ကိုယ်တိုင်ကူညီပေးကြရုံသာမက သူများတွေပါ ကူညီလို့ရအောင် တိုက်တွန်းပေးတတ်ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်သူတွေက အခက်အခဲဖြစ်နေတဲ့သူတွေကိုယ်စား လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် အကူအညီ တောင်းခံပေးနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း အလုပ်ရှင်အမျိုးသမီးတစ်ဦးက Delivery အလုပ်ကို လုပ်ကိုင်နေတဲ့ Rider တွေနဲ့ ပတ်သက်ပြီး သူမတွေ့မြင်ရသလောက် ပြန်ပြောပြထားတာ ဖြစ်ပါတယ် ။ အခုကာလမှာ Rider တွေက အခက်အခဲတွေကြားကနေ လမ်းပေါ်ထွက်ပြီး အလုပ်လုပ်နေရပေမယ့် သူတို့အတွက် တွက်ချေမကိုက်မှာကို စိုးရိမ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ပစ္စည်းပို့တဲ့အခါမှာ Rider တွေက ပို့ခအတွက် စေတနာရှိသလောက်ပေးပါဆိုရင် လူတစ်ချို့က အစွန်းထွက်အကြွေလောက်သာ ပေးကြတာကြောင့် သူမအနေနဲ့ စိတ်ပူပန်နေခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါပေမဲ့လည်း သူမဆီမှာ အလုပ်လုပ်တဲ့ Rider တစ်ဦးဆီကနေ အဆင်ပြေကြောင်း ပြန်ကြားရတဲ့အတွက် ဝမ်းသာမိတယ်လို့ စကားဆိုထားတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် အန္တရာယ်တွေကြားမှာ အလုပ်လုပ်နေရတဲ့ Rider တွေအကြောင်းကို ကြားသိပြီး တတ်နိုင်သလောက် ကူညီပေးနေကြတာပဲ ဖြစ်ပါတယ် ။ အချင်းချင်း စေတနာထားပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေနဲ့ Rider တွေရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T