လက်ရှိမှာတော့ ပြည်ပနိုင်ငံတစ်ချို့က ပြည်သူတွေကလည်း မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ အားပေးကူညီနေကြတာ ဖြစ်ပါတယ် ။ ပြည်ပရောက် မြန်မာတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ လူထုလှုပ်ရှားမှုတွေကြောင့် တစ်ခြားနိုင်ငံသားတွေကလည်း မြန်မာနိုင်ငံအကြောင်းကို ပိုမိုစိတ်ဝင်စားလာခဲ့ကြတာ ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ သူတို့က ပြည်ပရောက် မြန်မာတွေနဲ့အတူ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်လာခဲ့ကြတာပဲ ဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာဆိုရင်လည်း ဂျပန်ပြည်သူတွေက မြန်မာတွေဘက်ကနေ အပြည့်အဝရပ်တည်ပြီး အားဖြည့်ကူညီပေးနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း ဂျပန်နိုင်ငံမှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ လူငယ်တွေက မြန်မာအတွက် ဆန္ဒဖော်ထုတ်ပေးနေတဲ့ ဂျပန်လူမျိုးတွေနဲ့ လမ်းမှာ အမှတ်မထင်ဆုံတွေ့ခဲ့ရတာ ဖြစ်ပါတယ် ။ ဂျပန်လူမျိုးတွေသာမက ဂျပန်ရောက်နိုင်ငံခြားသားတွေကလည်း လက်သုံးချောင်းထောင်ပြီး "မြန်မာအားတင်းထားပါ ကြိုးစားပါ" လို့ ပြောပေးခဲ့ကြတာ ဖြစ်ပါတယ် ။
ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ ဓာတ်ပုံတွေကိုင်ပြီး မြန်မာနိုင်ငံက ပြည်သူတွေအတွက် ကြွေးကြော်ပေးခဲ့ကြတဲ့ ဂျပန်လူမျိုးတွေရဲ့လုပ်ရပ်ကတော့ လေးစားချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဂျပန်လူမျိုးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဂျပန်ရောက်မြန်မာလူငယ်တွေက သူတို့ကို ကျေးဇူးတင်စကားပြောပြီး ဦးညွတ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပြည်သူတွေအတွက် အင်တိုက်အားတိုက် ကြိုးစားပေးနေတဲ့ ဂျပန်လူမျိုးတွေရဲ့ဗီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။
Source & Video Credit-Original Uploader