ကျဆုံးသွားတဲ့ သူမရဲ့ချစ်သူကောင်လေးနဲ့ပတ်သက်ပြီး နောက်ဆုံးအမှတ်တရတွေကို ဝမ်းနည်းကြေကွဲစွာ ဖွင့်ဟလာခဲ့တဲ့ ကောင်မလေးတစ်ယောက်

//s9.kh1.co/ae/ae5ef39ceff37bad742d23dd70e35b21f9a79600.jpg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ သူမရဲ့ချစ်သူကောင်လေးနဲ့ပတ်သက်ပြီး နောက်ဆုံးအမှတ်တရတွေကို ဝမ်းနည်းကြေကွဲစွာ ဖွင့်ဟလာခဲ့တဲ့ ကောင်မလေးတစ်ယောက်

လူထုလှုပ်ရှားမှု ပြုလုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျဆုံးသွားတဲ့ပြည်သူတွေ တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီပဲ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေထဲမှာ သူတို့ရဲ့အနာဂတ်အတွက် သူတို့ဘဝကို ပုံဖော်ထုဆစ်ပြီး ကြိုးစားနေကြတဲ့ လူငယ်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့က မန္တလေးမြို့၊ (၆၅) လမ်း (၁၀၇)လမ်းထောင့်မှာ ကျည်ထိမှန်ခဲ့တဲ့ ကောင်လေးရဲ့သတင်းကလည်း စိတ်မကောင်းစရာကောင်းလှပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ မန္တလေးမြို့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ရှေ့ဆုံးကနေ ပါဝင်ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ် ။ ရုပ်အလောင်းတောင် ပြန်မရခဲ့တဲ့ အဲ့ဒီကောင်လေးအတွက် သူ့ရဲ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေအားလုံးက ဝမ်းနည်းကြေကွဲနေရသလို သူ့ရဲ့ချစ်သူကောင်မလေးခမျာမှာလည်း အရမ်းကို စိတ်ထိခိုက်နေရှာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကောင်မလေးက ကျဆုံးသွားတဲ့ သူမရဲ့ချစ်သူကောင်လေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးအမှတ်တရတွေကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကောင်မလေးရဲ့စာထဲမှာတော့ သူမရဲ့ချစ်သူက မကျဆုံးခင်အချိန်ပိုင်းလေးမှာတင် သူမဆီကိုလာနေပြီလို့ ဖုန်းဆက်ပြီးပြောခဲ့ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ အခုတော့ ချစ်သူက သူမရဲ့ဘဝထဲကနေ အပြီးတိုင်ထွက်ခွာသွားပြီဖြစ်တာကြောင့် ကောင်မလေးအနေနဲ့ အရမ်းခံစားနေရတာပဲ ဖြစ်ပါတယ် ။ သူတို့ချစ်သူနှစ်ဦးရဲ့အမှတ်တရလေးတွေကို မြင်တွေ့လိုက်ရတဲ့ ပြည်သူတွေကလည်း ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ကောင်လေးလည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T