ပရိသတ်ကြီးရေ.. ဂီတလောကမှာ စာသားလန်းလန်းလေးတွေနဲ့ လူငယ်အကြိုက်သီချင်းကောင်းကောင်းလေးတွေကြောင့် ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေအပြည့်အဝရရှိထားတဲ့ အနုပညာရှင်ကတော့ အဆိုတော်နိုင်းဝမ်းပဲ ဖြစ်ပါတယ်..။
အဆိုတော်နိုင်းဝမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး တတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။
နိုင်းဝမ်းကတော့ ကပ်ဘေးတွေဖြစ်နေတဲ့အချိန်တွေမှာ ဘေးပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ စိတ်ဓာတ်သဘောထားတွေကြောင့် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားပြောပြလာပါတယ်..။
အခြေအနေတွေအမျိုးမျိုးဖြစ်နေတဲ့အချိန်မှာ မိတ်ဆွေတွေထဲမှာတောင် စိတ်ဓာတ်သေးသိမ်ညံ့ဖျင်းပြီး ရွံ့စရာကောင်းတဲ့လူတွေများပြားလာတာတွေ့ရလို့ လူ့လောကကြီးက နေချင်စရာမကောင်းတော့တဲ့အကြောင်းတွေကို ပြောပြထားတာပါ..။
"ဒို့နိုင်ငံမယ် အန္တရာယ်ကပ်တွေဖြစ်တဲ့ ရောဂန္တရာယ်ကပ်(ရောဂါကပ်ဘေး)နဲ့ သတ္ထန္တရာယ်ကပ်(စစ်ကြောင့်ဖြစ်သောဘေး)တွေ ဆိုက်ခဲ့ပြီမို့ မကြာခင်မှာ ဒုဗ္ဘိက္ခန္တရာယ်ကပ်(အငတ်ဘေး)ပါ ထပ်ဆိုက်လာတော့မယ်..
ဒီအခြေအနေမျိုးမှာမှ ကိုယ့်ဘေးပတ်ဝန်းကျင်က မိတ်ဆွေတွေထဲမှာတောင် စိတ်ဓာတ်သေးသိမ်ညံ့ဖျင်းပြီး ရွံ့စရာကောင်းတဲ့လူတွေများပြားလာတာတွေ့ရတော့ လူ့လောကကြီးက နေချင်စရာမကောင်းတော့ဘူး???.."ဆိုပြီး ရေးသားပြောပြထားတာပါ..။
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း နိုင်းဝမ်းကို အားပေးချစ်ခင်နေကြတဲ့အကြောင်းတွေနဲ့အတူ အားပေးစကားတွေလည်း အသီးသီး ပြောထားကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Kyaw Zin Latt's Fb Acc