အမျိုးမျိုးသော ဆန္ဒထုတ်ဖော်မှုတွေ ပြန်လည်အားကောင်းလာတဲ့ ဧပြီလ ၂၆ ရက်နေ့

//s9.kh1.co/ea/ea4c5daf739070b9d4d1954f6cc2a1d4126dece7.jpg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကစပြီး ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တော်တော်လေးပြန်လည် အားကောင်းလာတာကို တွေ့ရပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာဆိုရင်လည်း ရန်ကုန်မြို့အတွင်းမှာ သပိတ်စစ်ကြောင်းတွေထွက်ရှိခဲ့ပြီး အောင်မြင်စွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=842,q=100/45/450413cfc7f236b895bf9a37a1b6fabacab821af.jpg
https://s9.kh1.co/__image/w=650,h=488,q=100/58/5858fde3d554cbe2587f19e347063bef713942e1.jpg
https://s9.kh1.co/__image/w=650,h=597,q=100/51/51222d781d9b5f8947fdfb4e439820b90152cddb.jpg

ရန်ကုန်မြို့အတွင်းက ဗညားဒလလမ်းမပေါ်မှာဆိုရင်လည်း လူငယ်တွေဦးဆောင်တဲ့ ရန်ကိုကုန်အောင်ရှင််းမယ့်ရန်ကုန်သပိတ်စစ်ကြောင်း နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့သလို အင်းစိန်မြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ်နဲ့ အခြားသောမြို့နယ်အချို့မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးမှာဆိုရင်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္ဂအဖွဲ့ချုပ် ၊ မန္တလေး သံယသမဂ္ဂ ၊ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေပါတဲ့ သပိတ်စစ်ကြောင်းအပြင် အခြားသောဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေ ဒီကနေ့မှာထွက်ရှိခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=596,q=100/34/341223f4a718bd42f0e984c3299f09e9fc5b0924.jpg
https://s9.kh1.co/__image/w=650,h=549,q=100/24/2483b7c9beed3411b6d79759f0d944e11484c223.jpg

ဒီကနေ့မှာ ရန်ကုန် ၊ မန္တလေးအပြင်

နောင်ချို ၊ မြစ်ကြီးနား ၊ ကျောက်မဲ ၊လွိုင်ကော် ၊မုံရွာ၊ ပုဂံနဲ့ အခြားသောမြို့တော်တော်များများမှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေ ထွက်ရှိတိုင်း အပြင်းအထန် ဖြိုခွဲခံနေရပေမယ့် အခုလို အားကောင်းကောင်းနဲ့ ပြန်လည်ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ သတ္တိကတော့ လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=650,h=650,q=100/af/af026668e9e3f0b89c7aab9b008e1ea05092fdce.jpg
https://s9.kh1.co/__image/w=650,h=502,q=100/be/be79a729d767f8525963b98ea5fe925f60d7313b.jpg
https://s9.kh1.co/__image/w=650,h=488,q=100/a2/a2cf2029342110119491ed99ad21e30ed0714c79.jpg
https://s9.kh1.co/__image/w=650,h=644,q=100/a0/a0b924684511e8401dcf673822c9a2f15b4e9bd2.jpg
https://s9.kh1.co/__image/w=650,h=595,q=100/ff/ff2d977866471fa3b886e3c2cf720fd129594fd5.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T