ခုနှစ်ရက်သားသမီးတွေ ခံစားနေရသော နာကျင်ကိုက်ခဲမှုများကို ပျောက်ကင်းအောင် ကုသပေးနေတဲ့ ထူးခန့်ကျော်

//s9.kh1.co/a5/a5406aa55dcf8ca9c307f9dfb35c22989334cacf.jpeg
အနုပညာရှင်များ

 ၂၆-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ထူးခန့်ကျော်ကတော့  ဗီဒီယိုဇာတ်ကားများစွာကို  ရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူ  တစ်ယောက်  ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့  ရုပ်သံဇာတ်လမ်းတွဲများမှာပါ  ပါဝင်ရိုက်ကူးလာကာ  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  ပြန်လည် ရရှိလာတာ  ဖြစ်ပါတယ်။  သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကိုလည်း  အားလုံးက  နှစ်သက်သဘောကျနေကြတာပါ။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

ထူးခန့်ကျော်ကတော့  အနုပညာလှုပ်ရှားမှုတွေအပြင်  ထုံကျင်ကိုက်ခဲဝေဒနာဖြစ်သူများနဲ့ လေဖြတ်ဝေဒနာ ရောဂါခံစားနေရသူတွေကို  သက်သာပျောက်ကင်းအောင်  တိုင်းရင်းဆေးဖြင့်  ကုသပေးနေတာ ဖြစ်ပါတယ်။  အခုလိုဝေဒနာတွေကို ပျောက်ကင်းအောင်  ကုသပေးရုံတင်မကဘဲ  ခုနှစ်ရက်သားသမီးတွေ ကျန်းမာချမ်းသာစေရန်အတွက်လည်း  မြတ်စွာဘုရားရှင်ထံတွင် ဆွမ်းကပ်ကာ ဆုတောင်းမေတ္တာပို့သပေးနေတာ  ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ကင်ဆာရောဂါကြောင့်ဖြစ်သောခြေမအနာသည်အား  ခြေမတစ်ချောင်းလုံးဖြတ်ထုတ်ရမယ့် အခြေအနေမှ လွတ်မြောက်အောင် ကုသပေးခဲ့ပုံကိုရေးသားဝေမျှထားတာပါ။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

သူကလည်း " ၇နှစ်ရက်သားသမီးများရဲ့ထုံ ကျင်ကိုက်ခဲလေဖြတ် လေငန်းရောဂါ အရိုးအကြောနှင့်ပတ်သက်သောရောဂါများပါမက ဆီးချိုကြောင့်ဖြစ်သောအနာ များနှင့် ကင်ဆာရောဂါကြောင့်ဖြစ်သောအနာများပါကုသမှုများပေးနေရတာဖြစ်ပြီး အခု တင်ထားတဲ့ ပုံမှာ ဆီးချိုရောဂါကြောင့်ဖြစ်သော ခြေမအနာသည်အား ခြေမတစ်ချောင်းလုံး ဖြတ်ထုတ်ရမည့်အခြေနေမှ ဖြတ်မထုတ်ရအောင်ကုသပေးခဲ့တာ ဖြစ်ပါတယ်။  ကျွန်တော်ထံလာရောက်ကုသသော  ခုနှစ်ရက်သားသမီးများ၏ထုံ ကျင်ကိုက်ခဲရောဂါများ ၊ အခြားအခြားသောရောဂါဝေဒများ၏ကုသမှုလူဦးရေ၄၀၀၀ကျော်တို့အား အခမဲ့ကုသမှုကုသိုလ်အစုစုတို့ကြောင့် ယခုဘဝနှင့် ဖြစ်လေရာသံသရာအဆက်ဆက်၌လည်းအနာရောဂါဝေဒနာများကင်းရှင်းပြီး ကပ်ကြီးသုံးပါးတို့မှကင်းဝေးကြကာ အေးချမ်းသောဘဝများကိုပိုင်ဆိုင်နိုင်ကြတဲ့သူတော်ကောင်းမြတ်များဖြစ်ကြပါစေ အားလုံးကျန်းမာလို့ချမ်းသာကြပါစေ???" ဆိုပြီး ဆုတောင်းမေတ္တာပို့သပေးထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account 

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T