ဝမ်းရေးအတွက် အမှိုက်ကောက်နေတာကြောင့် ဗုံးကိုအမှိုက်ထုပ်ထင်ပြီးကောက်လာခဲ့ကာ ဖွင့်ကြည့်ရာမှ ပေါက်ကွဲသဖြင့် ဒဏ်ရာရရှိသွားကြတဲ့ အဖေနဲ့ကလေးများ

//s9.kh1.co/66/66ee5cb8f5940af16d72919eedf99bb8a66468f1.jpeg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဝမ်းရေးအတွက် အမှိုက်ကောက်နေတာကြောင့် ဗုံးကိုအမှိုက်ထုပ်ထင်ပြီးကောက်လာခဲ့ကာ ဖွင့်ကြည့်ရာမှ ပေါက်ကွဲသဖြင့် ဒဏ်ရာရရှိသွားကြတဲ့ အဖေနဲ့ကလေးများ

ဒီကာလမှာဆိုရင် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် မနည်းရုန်းကန်နေရတာဖြစ်ပါတယ်။တတ်နိုင်တဲ့ပြည်သူတွေကလည်း စားဝတ်နေရေးခက်ခဲနေသူတွေကို တစ်နိုင်တစ်ပိုင်လေးကူညီပေးနေကြတာဖြစ်ပါတယ်။လက်လုပ်လက်စားပြည်သူတွေကတော့ အခုလိုအချိန်မှာ လမ်းပေါ်ထွက်ရင်အန္တရာယ်များနေတာတောင် လမ်းပေါ်ထွက်ပြီး မိသားစုစားဝတ်နေရေးအတွက် ကြိုးစားရှာဖွေနေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း အမှိုက်ကောက်ရင်း စားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့ မိသားစုက (၂၆.၄.၂၀၂၁)ရက်နေ့မှာမြိတ်မြို့၊ကောလင်းရဲကင်းပုံးအနီးနား အမှိုက်ထွက်ကောက်ရင်း ထိခိုက်မှုတွေနဲ့ကြုံတွေ့လာရတာဖြစ်ပါတယ်။အမှိုက်ကောက်နေကြတဲ့ သားအဖတွေက ဗုံးကိုအမှိုက်ထင်ပြီး ကောက်လာခဲ့ကာ အဖေဖြစ်သူမှ အိတ်ကိုဖွင့်ကြည့်ရာမှ ပေါက်ကွဲသဖြင့် ကလေးတွေပါ ဒဏ်ရာရရှိကုန်ကြတာဖြစ်ပါတယ်။အဖေဖြစ်သူကတော့ ပေါက်ကွဲမှုကြောင့်ရရှိသွားတဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိသားစုစားဖို့သောက်ဖို့အတွက် ရှာဖွေနေရင်းဒဏ်ရာရရှိသွားတဲ့ သားအဖတွေကို အနီးနားဝန်းကျင်ကလူတွေကလည်း ဆေးရုံသို့ပို့ပေးကြတာဖြစ်ပါတယ်။အခုလိုမျိုးအချိန်မှာ စားဝတ်နေရေးခက်ခဲနေတဲ့အပြင် ဒဏ်ရာတွေပါရရှိသွားတဲ့ မိသားစုအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေမှာ ပြည်သူတိုင်းက မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံဖို့အတွက် အရာရာကိုဂရုစိုက်ကြဖို့ မှာကြားရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T