ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလာကြလို့ နေရာတစ်ခုမှာ တဲလေးထိုးနေထိုင်ကြပြီး စားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေကြတဲ့ မီးရထားဝန်ထမ်းတချို့

//s9.kh1.co/ce/cebce6de1d7769c12314f82b6b370d53f2c0098f.jpeg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလာကြလို့ နေရာတစ်ခုမှာ တဲလေးထိုးနေထိုင်ကြပြီး စားဝတ်နေရေးအတွက်အခက်အခဲဖြစ်နေကြတဲ့ မီးရထားဝန်ထမ်းတချို့

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် ပြည်သူတိုင်းနီးပါးက မိမိတို့နိုင်သလောက်ဝန်ကို မျှထမ်းပေးကြပြီးတစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။တချို့ဝန်ထမ်းတွေဆိုရင်လည်း အလုပ်မသွားကြဘဲ ပြည်သူတွေနဲ့အတူပူပေါင်းပြီး ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။လက်ရှိမှာ အလုပ်နားထားလို့စားဝတ်နေရေးခက်ခဲနေရတဲ့ တချို့ဝန်ထမ်းတွေကိုလည်း ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ကြပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း နေပြည်တော် မီးရထားဌာနက အလုပ်ရပ်နားထားတဲ့ဝန်ထမ်းတွေ အခက်အခဲဖြစ်နေတာကြောင့်ပြည်သူတစ်ဦးက ကူညီပြီးအလှူခံပေးနေတာဖြစ်ပါတယ်။မီးရထားဝန်ထမ်း စုစုပေါင်း(၅၂)ယောက်ခန့်ရှိပြီးအကုန်လုံးက ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလာကြတာဖြစ်ပါတယ်။ဝန်ထမ်းတွေကတော့ နေရာတစ်ခုမှာ တဲလေးတွေထိုးပြီး အဆင်ပြေသလိုနေထိုင်နေကြတာဖြစ်ပါတယ်။အခုချိန်မှာ အင်တာနက်လည်းမရတာကြောင့် သူတို့အတွက်အကူအညီတစ်ခုမှမရလို့ အကြပ်အတည်းနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း အလုပ်ရပ်နားထားတဲ့မီးရထားဝန်ထမ်းတွေက အစားအသောက်အတွက် ခက်ခဲနေကြတာဖြစ်ပါတယ်။မိမိတို့မိသားစုရဲ့စားဝတ်နေရေးကို ပဓာနထားပြီး ပြည်သူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ မီးရထားဝန်ထမ်းတွေရဲ့စွန့်လွှတ်အနစ်နာခံမှုက လေးစားစရာကောင်းလှပါတယ်။ဒါ့ကြောင့်လည်း ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပေးခဲ့တဲ့ မီးရထားဝန်ထမ်းတွေရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးကြပါဦးလို့ တောင်းဆိုရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T