အလှူရှင်တွေကိုယ်စား စားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူတွေအတွက် ဆန်နဲ့အခြားစားသောက်ကုန်တွေ လှူဒါန်းလိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/22/22f119fade4f6fa89dfa6b79630114a8caec3f7a.jpg
အနုပညာရှင်များ

 ၂၇-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ပရဟိတအလုပ်တွေနဲ့လည်း အများပြည်သူတွေရဲ့ လေးစားချစ်ခင်မှုတွေနဲ့အတူ အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင်မင်းသားကြီး ဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေ တတ်နိုင်သလောက်ပေးဝေလှူဒါန်းနေတာပါ..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း အလှူရှင်တွေကိုယ်စား တောင်ဒဂုံမြို့နယ် ကျူးရပ်ကွက်က စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ဆန်နဲ့အခြားစားသောက်ကုန်တွေ လိုက်လံပေးဝေလှူဒါန်းနေတာ ဖြစ်ပါတယ်..။

အိမ်ခြေများတာကြောင့် မရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ရသလို နောက်အခေါက်တွေမှာ အိမ်စေ့အောင် ဆက်လှူပေးနိုင်ဖို့ ကြိုးစားဦးမယ့်အကြောင်းတွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားတာ တွေ့ရပါတယ်..။

"27-4-2021

အခမဲ့ဈေးသည်ကြီးတွေလိုပါပဲ။

ဆန်တွေရမယ်

ကြက်သွန်တွေရမယ်

ကြက်ဥတွေရမယ်

အာလူးတွေရမယ်

တောင်ဒဂုံမိသားစု၁၂၀အတွက်အလှူ

အလှူရှင်များကိုယ်စား ဝေဠုကျော်ဖောင်ဒေးရှင်းမှ

တောင်ဒဂုံမြို့နယ် ၆၁ရပ်ကွက် ကျူး အိမ်ထောင်စု ၁၂၀စု သို့ ဆန် ၃ပြည်

ကြက်သွန်နီ ကြက်ဥ အာလူး တို့ကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။

ကျူးအိမ်တွေကလည်း အများသား။

တစ်ရပ်ကွက်ဝင်ရင် အိမ်အကုန်ရအောင် တော်တော်ကြိုးစား အလှူခံရှာပြီး လှူရတာပါ။

မရတဲ့သူတွေ လာပြောရင် စိတ်မကောင်း ဖြစ်ရပါတယ်။

ဒီကျူးကလည်း ၆၀ရပ်ကွက် ကျူးနဲ့ဆက်နေတာကြောင့် အိမ်ခြေက တဖြတ်ကိုတောင် ၃၂၀ ရှိပါတယ်။

နောက်အခေါက်တွေ အိမ်စေ့အောင် ဆက်လှူပေးနိုင်ဖို့ ကြိုးစားရပါဦးမယ်။

လှူဒါန်းပေးကြပါသော စေတနာ အလှူရှင်များအား ကျေးဇူးအထူး တင်ရှိပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T