ဘုရားရိပ်တရားရိပ်မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ၇ရက်သားသမီးပြည်သူတွေအတွက် ဆုတောင်းမေတ္တာတွေပို့သနေတဲ့ ဘေဘီမောင်

//s9.kh1.co/11/119dbffa048e74aba7cbc58c1f7c4044585af160.jpg
အနုပညာရှင်များ

 ၂၈-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားသလို စကားပြောပွင့်လင်းတာတွေကြောင့် အားလုံးက ချစ်ခင်အားပေးနေကြတဲ့ အနုပညာရှင်မင်းသီးချောကတော့ သရုပ်ဆောင် ဘေဘီမောင်ပဲ ဖြစ်ပါတယ်..။

ဘေဘီမောင်ကတော့ ကြော်ငြာတွေအပြင် ဇာတ်ကားတွေလည်းများစွာရိုက်ကူးထားကာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ ပြည်သူချစ်မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေသလို လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်ကုသိုလ်ယူတတ်တဲ့ ဘေဘီမောင်လကတော့ လတ်တလောမှာလည်း ကောင်းမှုတွေပြုရင်း သူမနဲ့ထပ်တူ ပြည်သူပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ဆုတောင်းစကားတွေနဲ့အတူ ဝေမျှလာပါတယ်..။

ဘုရားရိပ်တရားရိပ်မှာ မနက်ခင်းလေးကို ကောင်းမှုကုသိုလ်တွေနဲ့ အစပြုရင်း ၇ရက်သားသမီး ပြည်သူတွေအတွက်လည်း သတိတရနဲ့ ဆုတောင်းမေတ္တာတွေပို့သထားတာ ဖြစ်ပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

"မင်္ဂလာပါနံနက်ခင်းပါ??????

မြတ်စွာဘုရား၏ မေတ္တာဓါတ်ကြောင့်

တကမ္ဘာလုံး ဘေးရန်ခပ်သိမ်း

ကင်းငြိမ်းကြပါစေ ရောဂါခပ်သိမ်း

ကင်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်း

ငြိမ်းအေးကြပါစေ??

မေတ္တာပို့သလိုက်ပါတယ်နော်??

Yadanar Aung Myay Yeik Thar.." ဆိုပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ..။

ပရိသတ်တွေအားလုံးကလည်း ကောင်းမှုကုသိုလ်တွေပြုရင်း ပြည်သူတွေအတွက် ဆုတောင်းမေတ္တာတွေပို့သထားတဲ့ ဘေဘီမောင်ကို သဘောကျကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ်Baby Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T