ပရိသတ်ကြီးရေ.. အဆိုတော်ထူးအာ်လင်းကတော့ ဂီတလောကမှာ အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေများစွာ ထွက်ရှိထားကာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်..။
ထူးအယ်လင်းကတော့ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း ပရဟိအလုပ်တွေကို အင်တိုက်အားတိုက်ပြုလုပ်နေပြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက် လိုအပ်သလို တတ်နိုင်သလောက်ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်..။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ထူးအယ်လင်းကတော့ အစ်မဖြစ်သူရဲ့တစ်လပြည့်မှာ ကောင်းမှုကုသိုလ်တွေပြုမေတ္တာတွေပို့ရင်း စိတ်မကောင်းစွာနဲ့ ဆုတောင်းစကားဆိုလာပါတယ်..။
ကွယ်လွန်သွားတဲ့ အစ်မဖြစ်သူအတွက် သတိရတိုင်းကောင်းမှုတွေပြုပေးသလို ဝဋ်ကြွေးရှိရင်လည်း ကြေစေဖို့ ဆုတောင်းရင်း အရေးယူထိန်းသိမ်းခံထားရတဲ့ အစ်ကိုဖြစ်သူအကြောင်းကိုလည်း ထူးအယ်လင်းက ပြောပြထားတာ ဖြစ်ပါတယ်..။
"မမလေး ငါ့အမကို ငါ သတိရတိုင်း ကောင်းမှုပြု ဆုတောင်းမေတ္တာပို့ပြီး ကုသိုလ်အမျှပေးဝေတယ် ?
ဝဋ်ရှိလို့ပါလာရင် ဒီဘဝ ဒီမျှနှင့်ကြေပါစေငါ့အမ?...
ငါ့ အကိုအကြီး ဇော်မင်းရှိန် သည်လည်း ဗိုက်ကျည်ထိပြီး အဆုပ်မှာပါ ထိလို့ ခွဲစိတ်ကုသအောင်မြင်ခဲ့လို့ အသက်သေတဲ့ဘေးက လွတ်ခဲ့ပေမယ့် ဆေးရုံကဆင်းကတည်းက အချုပ်ထဲမှာနေရပြီး ခုတော့ အင်းစိန်ထောင်အချုပ်မှာ ထောင်ကျနေရတယ်။
ကျွန်တော့်မိခင်မိသားစု အတွက် ကူညီပေးတဲ့ သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်ဗျာ?
အမှုကိစ္စတွေ မှန်မှန်ကန်ကန်ဖြင့်ပြီးပြတ်အောင် ရှေ့နေရှေ့ရပ်များနှင့် ဆောင်ရွက်နေပါတယ်။
ဒီနေ့ ကျွန်တော့်အမ မမလေးဥမ္မာရှိန် ကွယ်လွန်တာ တစ်လပြည့်ပြီ။
ငါ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို ကုသိုလ်အမျှပေးပါတယ် ?
ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းသာယာပါစေ ငါ့အမ?.."ဆိုပြီး ဆုတောင်းစကားဆိုထားတာပါ..။
ပရိသတ်တွေကလည်း ကွယ်လွန်သူနဲ့ အရေးယူထိန်းသိမ်းခံထားရသူတွေအတွက် စိတ်မကောင်းဖြစ်နေကြပြီး ဆုတောင်းစကားတွေလည်း ဆိုထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Htoo El Lynn's Fb Acc