မွန်းတည့်သပိတ် ကို အောင်မြင်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေးအင်ဂျင်နီယာအဖွဲ့မှ လူငယ်များ

//s9.kh1.co/6b/6b6d371ea98548827df0d58700fbdb4c2b78c275.jpeg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းမျာစွာ ကျဆုံးခဲ့သလို လူပေါင်းထောင်ချီပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့သူတွေလည်းရှိသလို အိမ်မှာနေရင်းသတင်းတွေမျှဝေပြီး သံပုံးတီးကာ ပါဝင်နေသူတွေလည်းရှိကြပါတယ်။ ပြည်သူတွေဟာ ဘက်ပေါင်းစုံကနေ မိမိတို့ရဲ့ ဆန္ဒတွေကို အမျိုးမျိုးသောနည်းလမ်းတွေနဲ့ဖော်ထုတ်နေကြတာကိုတွေ့ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင် မြို့တိုင်းလိုလိုက လူငယ်တွေဟာ သပိတ်မျိုးစုံနဲ့ လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှားလာကြတာကိုတွေ့မြင်ရပါတယ်။ ဧပြီလ (၂၇) ရက်နေ့မှာဆိုရင်လည်း မန္တလေးအင်ဂျင်နီယာများအဖွဲ့ဟာ  " မွန်းတည့်သပိတ်"  ကြီးကို ဆိုင်ဘုတ်များကိုင်ဆောင်ရင်း ရင်တွင်းခံစားချက်တွေကို ကြွေးကြော်ကာ ချီတက်ခဲ့ကြပါတယ်။ သပိတ်ကိုလည်း အောင်အောင်မြင်မြင်နဲ့ လှုပ်ရှားနိုင်ခဲ့ကြောင်းကိုလည်းဖော်ပြထားပါသေးတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင် မွန်းတည့် သပိတ်မှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေကိုယ်စား ရင်ထဲကခံစားချက်တွေကိုလည်း " လှိုင်းဘယ်လောက်ကြီးကြီး ​လှေအောက်ရောက်ကိုရောက်ရမယ် တောင်ဘယ်လောက်ကြီးကြီး ဖဝါးအောက်ရောက်ကိုရောက်ရမယ် အဓမ္မကဘယ်လောက်အင်အားကြီးကြီး တချိန်မှာ ဓမ္မကနိုင်ကိုနိုင်ရမယ် ဒါပေမယ့် ဆရာစိုင်းခမ်းလိတ်ရေးသားခဲ့တဲ့ " ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ် မယုတ်မလွန်တဲ့ကြိုးစားမှုတော့စိုက်ရမယ် နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ'' ဆိုတဲ့စာသားအတိုင်း ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်ကိုရချင်ရင် ဖက်ဒရယ်ဒီမိုကရေစီနဲ့တန်တဲ့ စိတ်ဓာတ်နှင့်ကြိုးစားအားထုတ်မှုကို ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံဖြင့် အသံမစဲ အလှံမလဲဘဲ စစ်အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းသွားသည်အထိ ဓမ္မဘက်တော်သားပြည်သူအားလုံး စည်းလုံးညီညွှတ်စွာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း သတိပေးတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်" လို့ဆိုကာ ရေးသားဖော်ပြထားတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T