ရည်ရွယ်ချက်မပျောက်၊ သွေးမအေးသွားဘဲ အချင်းချင်းတန်ဖိုးထားကြဖို့ ပြည်သူတွေကို တိုက်တွန်းပြောပြလာတဲ့ အောင်ထက်

//s9.kh1.co/60/605725136dba9d9d3b8a2f0f0dc9c7692a4f95a3.jpg
အနုပညာရှင်များ

 ၂၈-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဂီတလောကမှာ ဆွဲဆောင်မှုရှိပြီး အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေ သီဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော်အောင်ထက်ပါပဲ..။

အောင်ထက်ကတော့ "အိပ်မက်စုံရာ" သီချင်းဆိုပြိုင်ပွဲကြီးနေ ပရိသတ်တွေရဲ့အားပေးမှုတွေကို စတင်ရရှိကာ အောင်မြင်မှုလမ်းကြောင်းမှာ လျှောက်လှမ်းနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc

လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူထားခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ အောင်ထက်ကတော့ လတ်တလောမှာလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

အောင်ထက်ကတော့ ရည်ရွယ်ချက်မပျောက်၊ သွေးမအေးသွားဘဲ အချင်းချင်းတန်ဖိုးထားကြဖို့ သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူပရိသတ်တွေကို တိုက်တွန်းပြောပြလာပါတယ်..။

Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc

"ရည်ရွယ်ချက် မပျောက်ကြေး

သွေးမကွဲကြေး

အချင်းချင်း တန်ဖိုးထားကြေး

မမေ့ကြေး

အရေးတော်ပုံ အောင်ရမည်✊✊✊

RejectMilitaryCoup

WeWantDemocracy

Civil_Disobedience_Movement

SaveMyammar. ." ဆိုပြီး ရေးသားပြောပြထားတာပါ..။

ပရိသတ်တွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက် အားလုံးနဲ့အတူ ကြိုးစားပါဝင်နေကြတဲ့အကြောင်းတွေနဲ့အတူ အောင်ထက်ကိုလည်း အားပေးစကားတွေ အသီးသီးပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Aung Htet's Fb Acc
Photo Credit - Aung Htet's Fb Acc

သတင်း အရင်းအမြစ်Aung Htet's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T