သားလေးကိုကျွတ်တွယ်မခံရဘဲ ကောင်းကောင်း အိပ်စေချင်တာကြောင့် သူမရဲ့ခန္ဓာကိုယ်ကိုပဲရောင်းရတော့မယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/06/068cf198b2ac8c8e15291b2f92dd106620deeb70.jpg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

သားလေးကိုကျွတ်တွယ်မခံရဘဲ ကောင်းကောင်း အိပ်စေချင်တာကြောင့် သူမရဲ့ခန္ဓာကိုယ်ကိုပဲရောင်းရတော့မယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦး

လက်ရှိကာလမှာတော့ ပြည်သူတွေတော်တော်များများက စားဝတ်နေရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေကိုယ်စီ ကြုံတွေ့နေကြရတာပဲ ဖြစ်ပါတယ် ။  ပြည်သူတစ်ချို့ကလည်း သူတို့ရဲ့ဘဝအမှန်ကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် အကူအညီတောင်းခံနေကြတာ ဖြစ်ပါတယ် ။ အခုလည်း အမျိုးသမီးတစ်ဦးက သူမရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတွေနဲ့ လက်ရှိအခြေအနေကို ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီအမျိုးသမီးရဲ့စာထဲမှာတော့ သူမရဲ့အိမ်က တဖြည်းဖြည်းနဲ့ ပျက်စီးလာတာကြောင့် မြေကြီးထဲကိုတောင် နိမ့်ဝင်လာပြီဖြစ်ကြောင်း ပထမဆုံးအနေနဲ့ ပြောပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ကျွတ်တွေ၊ တီကောင်တွေပေါတာကြောင့်လည်း သူမရဲ့သားလေးခမျာ ခဏခဏ ကျွတ်တွယ်တာခံရပြီး ဒဏ်ရာတွေလည်း ရရှိနေတယ်လို့ ဆိုပါတယ်။ ဆိုးရွားလှတဲ့ အိမ်အခြေအနေကြောင့် မိသားစုတွေအားလုံး အိမ်အပေါ်ထပ်မှာတောင် နေလို့မရဘဲ အောက်ထပ်မှာပဲ အကုန်စုနေရကြောင်း ရေးသားထားပါသေးတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုဆိုရင် သူမရဲ့ခင်ပွန်းဖြစ်သူကလည်း ကယ်ရီဆွဲပြီး အလုပ်လုပ်နေသလို သူမကလည်း ရပ်ကွက်ထဲက အိမ်တွေမှာ ဝိုင်းကူလုပ်ပေးနေတာ ဖြစ်ပါတယ် ။ ထမင်းစားဖို့လောက်ရပေမယ့်လည်း သားလေးကို ညညကျွတ်တွယ်မခံရဘဲ ကောင်းကောင်းအိပ်စေချင်တာကြောင့် သူမရဲ့ကျောက်ကပ်နဲ့ အသည်းကို ရောင်းချင်ပါတယ်ဆိုပြီး ပြောထားထားတာ ဖြစ်ပါတယ် ။ ဒုက္ခတွေကို ဖြေရှင်းဖို့အတွက်လည်း သူမမှာ ဘာမှရောင်းစရာမရှိတာကြောင့် ခန္ဓာကိုယ်ကိုပဲ ရောင်းရတော့မယ်ဆိုပြီး ရင်ဖွင့်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့စာကတော့ ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T