မြန်မာနိုင်ငံကပြည်သူတွေကို ကူညီပေးဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်ဆီကို စာတစ်စောင်ရေးသားပြီး ကိုယ်တိုင်သွားပို့ခဲ့တဲ့ ကလေးလေးတစ်ယောက်

//s9.kh1.co/d0/d007965961da015aaec06757224a03b96457be80.jpg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံကပြည်သူတွေကို ကူညီပေးဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်ဆီကို စာတစ်စောင်ရေးသားပြီး ကိုယ်တိုင်သွားပို့ခဲ့တဲ့ ကလေးလေးတစ်ယောက်

"Generation Z" လို့ခေါ်တဲ့ လူငယ်တွေကတော့ လူထုလှုပ်ရှားမှုပွဲတွေမှာ ဦးဆောင်နေကြပြီး ကိုယ့်နိုင်ငံအတွက် အားကြိုးမာန်တက် ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ် ။ ပြည်သူအားလုံးရဲ့မျှော်လင့်ချက် အိပ်မက်တွေအတွက် ကြိုးပမ်းနေကြတဲ့သူတွေထဲမှာ Gen Z တွေသာမက ငယ်ရွယ်သေးတဲ့ Gen Alpha လေးတွေလည်း ပါဝင်နေကြတာ ဖြစ်ပါတယ် ။ နိုင်ငံအတွက် မျိုးဆက်သစ်လေးတွေဖြစ်ကြတဲ့ Gen Alpha တွေက ပြည်သူတွေကို သူတို့တတ်နိုင်သလောက် အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း အမေရိကန်မှာနေထိုင်တဲ့ Gen Alpha လေးတစ်ယောက်က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို ကူညီဖို့အတွက် စဥ်းစားကြံဆခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီကလေးလေးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆီကို စာတစ်စောင်ရေးသားပေးပို့ပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ် ။ အသက် (၈) နှစ်အရွယ်လေးနဲ့ ပြည်သူတွေကို ကူညီဖို့ ကြိုးစားအားထုတ်ခဲ့တဲ့ ကလေးလေးရဲ့လုပ်ရပ်က ချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီကလေးလေးက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စာထဲမှာရေးသားပြောပြပြီး ပြည်သူတွေကိုယ်စား တောင်းဆိုပေးထားတာပဲ ဖြစ်ပါတယ် ။ အိမ်ဖြူတော်က ရဲကလည်း ကလေးလေးရဲ့စာကို သမ္မတဂျိုးဘိုင်ဒန်ဆီ ပေးပေးမယ်ဆိုပြီး ယူသွားခဲ့တာ ဖြစ်ပါတယ် ။ "ရောက်မရောက်တော့ မသိဘူး။ ကလေးစိတ်ထဲမှာ မြန်မာနိုင်ငံကို သူကူညီပေးနိုင်တယ်ဆိုတဲ့စိတ်လေးတော့ဝင်သွားတယ်။ " ဆိုပြီး ကလေးလေးရဲ့မိခင်ဖြစ်သူက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T