လက်မောင်းကိုကျည်ထိပြီး ဆေးကုသဖို့ခက်ခဲနေတဲ့အန်တီကြီးအတွက် အလှူငွေတွေကောက်ခံပေးနေတဲ့ မီးနို

//s9.kh1.co/b3/b3a51df42ab7d91a024a1d9a10df799bab04e7d5.jpg
အနုပညာရှင်များ

 ၂၈-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အသံချိုချိုအေးအေးနဲ့ သီချင်းကောင်းလေးတွေ ထွက်ရှိထားတာတွေကြောင့် အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားကြတဲ့ အမျိုးသမီးအနုပညာရှင်အဆိုတော်တွေထဲမှာ မီးနိုကလည်း အပါအဝင်ပါပဲ..။

မီးနိုကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသလို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေအတွက် ဖေးမကူညီမှုတွေပြုလုပ်နေသလို အခက်အခဲဖြစ်ကြတဲ့ ပြည်သူတွေအတွက်လည်း လိုအပ်တာတွေ လှူဒါန်းနေတဲ့ မီးနိုကတော့ လက်မောင်းကျည်ထိပြီး ဆေးကုသဖို့ခက်ခဲနေတဲ့ အန်တီကြီးအတွက် အလှူငွေတွေ ကောက်ခံလာပါတယ်..။

အသက် ၉၀ ကျော်အမေအိုနဲ့ မိသားစုကို ရှာကျွေးရင်း ရင်ဘတ်ကိုဘေးတိုက်ကျည်ဖြတ်ပြီး လက်မောင်းကိုထိကာ ဆေးကုသဖို့ခက်ခဲနေတဲ့ တောင်ဒဂုံက အန်တီကြီးအတွက် ဆေးဖိုးဝါးခနဲ့ လိုအပ်တာတွေ ကူညီလှူဒါန်းနိုင်ဖို့အတွက် အလှူငွေကောက်ခံလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

"မီးနို အလှူခံလေးထပ်ကောက်ခံချင်လို့ပါ..??

မီးနိုတို့ရှေ့ရက်က တောင်ဒဂုံက ရင်ဘက်ကိုဘေးတိုက် ကျည်ကဖြတ်ပြီး ဘယ်လက်မောင်းကို သွားထိထားတဲ့ အန်တီဆီသွားလှူဖြစ်ပါတယ်..

အန်တီက အသက် ၉၀ ကျော်အမေအိုနဲ့ မိသားစုကိုလည်း ရှာကျွေးနေရတာပါ..

အခုက တစ်လကို ဆေးဖိုး 6 သောင်းကုန်ကျနေတာပါ..လှဲအိပ်လို့မရတော့ ခုပုံမှာမြင်ရတဲ့ ခုံလေးပေါ်မှာပဲ မှီပြီးနေနေရတာ မီးနိုက Dream Bed လေးလည်း လှူချင်တာနဲ့ နောက်တစ်ခေါက်ထပ်သွားဖို့ စီစဉ်လိုက်တာပါ..

အိမ်ကလည်း မပြေလည်တော့ သွားထပ်လှူဖို့ အန်တီအတွက်သီးသန့် အလှူငွေထပ်ကောက်ခံတာပါ..

ပါဝင် လှူဒါန်းလိုသူများလည်းအနေနဲ့

K Pay-နံပါတ် 095090994 (Poe Eain Phyu) နဲ့

Aya bank- 0114201010016977(Ko Zaw Thu Aung)

တို့ကို ပေးပို့လှူဒါန်းလို့ ရပါတယ်ရှင်...

ငွေလွှဲထားတဲ့ Screenshot လေးတွေလည်း မီးနိုရဲ့ Messenger ကို ပို့ပေးထားဖို့ မမေ့ပါနဲ့နော်..

ကရင်စစ်ဘေးရှောင်တွေအတွက်လည်း ထပ်ပြီး သီးသန့်ကောက်ခံပေးပါ့မယ်..??

အရေးတော်ပုံအောင်ရမည်..✊✊.." ဆိုပြီး ရေးသားပြောပြထားတာပါ..။

သူမရဲ့အလှူခံပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း စိတ်ထားလေးကောင်းမွန်တဲ့ မီးနိုကို ချီးကျူးအားပေးစကားတွေပြောရင်း အလှူမှာလည်း တတ်နိုင်သလောက်ပါဝင်ထားကြတာ တွေ့ရပါတယ်..။

Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc
Photo Credit - Mee No's Fb Acc

သတင်း အရင်းအမြစ်Mee No's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T