စားစရာနေစရာမရှိဘဲ အခက်အခဲဖြစ်နေတဲ့ အန်တီကြီးအတွက် ကူညီပေးဖို့စီစဉ်နေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/97/974cc95f6b3d02ded8ce7400d7cb66c0d7b7c918.jpg
အနုပညာရှင်များ

 ၂၈-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်..။

ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေအသိအမှတ်ပြုလက်ခံထားကြတဲ့ ခိုင်နှင်းဝေကတာ့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို အခက်အခဲတွေနဲ့လိုအပ်နေကြတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

မကြာခဏဆိုသလို လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ ဒီကနေ့မှာလည်း စားစရာနေစရာမရှိဘဲ ခက်ခက်ခဲခဲနဲ့ အိမ်အောက်မှာကပ်နေနေရတဲ့ ရောဂါသည်အန်တီကြီးအတွက် ကူညီပေးဖို့စီစဉ်နေတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

ဖုန်းဆက်ပြီး အကူအညီတောင်းလို့ လိုက်စုံစမ်းကြည့်တဲ့အခါမှာတော့ ရောဂါရှိလို့ ဆေးကုသနေရပြီး အပေါ့အလေးအပြင် နေစရာစားမရာမရှိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေကြောင့် ကူညီပေးဖို့စီစဉ်နေတာတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"ကျွန်မရဲ့ ပရဟိတ ဖုန်းလေးကို ဆက်ပြီး အကူအညီ လာတောင်းတဲ့ အမေကြီးကို လိုက်စုံစမ်းကြည့်ဖြစ်ခဲ့ပါတယ်ရှင်... ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ကြောင့် ဆေးကုနေရပြီး အပေါ့ အလေး သွားစရာ မရှိ..ရေချိုးစရာ မရှိပဲ ဒီနေရာလေးမှာ ကပ်နေနေတာ ၃လ လောက် ရှိပြီဖြစ်ကြောင်း ထမင်းလည်း စားစရာ မရှိကြောင်း စုံစမ်းသိရှိခဲ့ရပါတယ်...ကိုယ့် အပူထက် အမေအိုကြီး အပူကို ခေါင်းထဲ ထည့် စဉ်းစားကာ မနက်ဖြန် အမေကြီး အတွက် တစ်ခုခု စီစဉ်ပေးဖို့ စဉ်းစားရင်း...???.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့ပို့စ်အောက်မှာတော့ လိုအပ်နေတဲ့ပြည်သူတွေအတွက် အမြဲဖေးမကူညီပေးနေတဲ့ ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေအားလုံးကလည်း ချီးကျူးရင်း အားပေးစကားတွေနဲ့အတူ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T